Thursday, December 15, 2011

အဆိပ်ခွက်

အေးစက်စက်အတွေးတွေကို
ဖန်ခွက်ထဲငဲ့လို့ မျှော်လင့်ချက်တွေနဲ့
အလွမ်းခါးခါး ပြင်မရတဲ့အမှားတွေကို
ခက်နာနာလေးဖျော်လို့
ငါ့ရဲ့ မနက်စာ ကော်ဖီအဖြစ်သောက်သုံးနေတယ်...

ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
နူးညံ့တဲ့ အချစ်တွေအတွက်
တန်ပြန်လာခြင်းတွေကတော့
ဒီဇင်ဘာနှင်းတွေလိုပဲ အေးစက်လွန်းတယ်...

သွားတလှည့် ရပ်တလှည့်နဲ့
အနာဂါတ်တွေ ပျက်သုဉ်းခဲ့
မမြဲခြင်းတရားကို ကိုင်ဆောင်တဲ့
ကံကြမ္မာဆိုတဲ့ ငနဲကတော့
မာယာတွေအထပ်ထပ်နဲ့ပေါ့...

လက်ကမ်းမမှီတဲ့ ပျော်ရွင်ခြင်းတွေကို
လက်လှမ်းမယူပဲ ထိုင်ကြည့်နေမိတယ်
မျက်ရည်ခံမှည့် ပါတဲ့လူတိုင်း
ငိုရမလားကွယ့်
ငါ့ကိုယ်က မျက်ရည်လွယ်လွန်းတာပါ...

အမေပေးတဲ့ အသိပညာ
အဖေပေးတဲ့ အတတ်ပညာနဲ့
ကံကြမ္မာကို စစ်ကြေငြာခဲ့တယ်
ဓားစာခံဖြစ်ခဲ့တဲ့ မင်းအတွက်တော့
ငါဟာ အဆိပ်ခွက်ပါပဲ....



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment