Monday, April 16, 2012

ပန်းတိုင်

မနက်ဖြန်တွေများစွာအထိ
ငါ့မျှော်လင့်ချက်တွေကိုခင်းကျင်း
ရိုးသားခြင်းတွေကို အသက်သွင်းလို့
ကြိုးကြိုးစားစား လျှောက်လှမ်းနေသူပါ..

ဘ၀မှာ မှောင်တဲ့ဘက်ကချည်း
ရှုံးရမယ်ဆိုတာ ဓမ္မတာလား
ငါကတော့ အရှုံးတွေကို
ပြိုင်ဘက်မရှိ ဆွတ်ခူးတားရသူပေါ့...

ဒီမနက်ခင်းမှာတော့ တခါးမဖွင့်ပဲ
အလင်းတွေ အသင့်ဝင်လာတယ်
ထွန်းလင်းခွင့်မရှိတဲ့ ငါ့အတွက်တော့
ဒီအလင်းတွေက ကျီစားနေသလိုပဲ...

လူမသိသူမသိ ပေါက်ဖွားလာတဲ့
ခပ်ညံ့ညံ့ မြတ်ပင်တပင်လေးပေါ့
ကမ္ဘာကြီး စိမ်းလန်းစိုပြေဖို့
အသုံးဝင်ကောင်း ၀င်နိုင်တယ်
ဒါပေမယ့်
လူမလေး ခွေးမခန့်တာကိုတော့ နာတယ်...

ကံကြမ္မာနဲ့ လွန်ဆွဲတဲ့ပွဲမှာ
ငါပျော်ပျော်ကြီး အရှုံးပေးခဲ့တယ်
ပြောင်းပြန်တွေးလိုက်ရင်တော့
အားစိုက်မထုတ်ရပဲ အနိုင်ရခဲ့သူပေါ့...

ဘ၀ဆိုတာ...
အမှားတွေကြားထဲက အမှန်တရားလား
အမှန်တရားထဲက အမှားတွေလား
ဒီလိုဒွိဟတွေကြားမှာ အသက်ရှင်နေတဲ့လူတွေ
အချင်းချင်း တက်မနင်းကြပါနဲ့....


ရှင်းလင်းချက်
ပဉ္စမမြောက်အပိုဒ်ကတော့ စာရေးစရာ မင်းခိုက်စိုးစံရဲ့ အတွေးတစ်ခုပါ... သဘောကျမိတာကတကြောင်း ဒီကဗျာကိုဖတ်တဲ့သူတွေကို ရသတခုပေးခြင်တာကြောင့် ထည့်သုံးခဲ့တာပါ....
လွန်ဆွဲတယ်ဆိုတာ စည်းတားထားတဲ့မျဉ်းနဲ့ အဝေးဆုံးကိုရောက်နိုင်သူက အနိုင်ပါ... ဘ၀မှာတော့ စည်းတားထားတဲ့မျဉ်းကို ရောက်တဲ့သူက ပန်းတိုင်ကိရောက်တဲ့သူပေါ့ တနည်းပြောရရင် အနိုင်ရသူပေါ့... အဲ့လောက်ဆို စာဖတ်သူတွေနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်...

P.S. ရှင်းလင်းချက်ဆိုတာ ရှုတ်မသွားအောင်ပါ... ရှင်းလင်းချက်ကို ဖတ်ပြီးမှ ပိုရှုတ်သွားရင် တောင်းပန်ပါတယ်...


လေးစားလျက်
မင်းကိုချစ်တဲ့သူ

No comments:

Post a Comment