Monday, January 26, 2009


နေကြာပန်းတွေက သူတို့အသက်ရှင်ဖို့
နေကိုခစားနေရတယ်...
ပျားတွေကလည်း ပန်းတွေအတွက်
ဝတ်မှုန်ကူးပေးနေရတယ်...
ဒီလိုပါပဲ ငါကလည်း
မင်းပျော်ဖို့အတွက် ငါ့မာနကို မင်းရှေ့မှာခ၀ါချရတယ်...

လဆိုတာ နေရဲ့အလင်းနဲ့
မဟူရာညကို လင်းစေတယ်...
ဓူဝံကြယ်ကလဲ သစ္စာရှိရှိ
မြောက်အရပ်မှာ ရှိနေတယ်...
ဒီလိုပါပဲ မင်းရဲ့စိတ်က
ဘယ်တော့မှ ငါ့စီမှာအမြဲရှိနိုင်မှာလဲ....





"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment