Thursday, October 8, 2009

ငါ့ရဲ့ရင်ခွင်

အချိန်တွေပေးသမျှ အခြေအနေတွေဝေးခဲ့ရ
ကြင်နာတတ်ခါစ ဘယ်အရာမှနှိုင်းယှဉ်မရ
ချစ်စရာမင်းရဲ့အလှ ဘယ်တော့မှကြည့်လို့မဝ
စာဖွဲ့လို့မရနိုင်အောင် လှနေတဲ့ည
ကြယ်တွေကလင်းလို့ ပြည့်နေတဲ့လမင်း
ဒီရေဒီလှိုင်းများလည်း ကျောက်ဆောင်ကိုတိုက်ခတ်
ရိုက်ခတ်သံတွေက ရင်ခုန်သံတွေလို
စီးချက်သံတွေက တဖြည်းဖြည်းမြန်ကာ
ဝေးသွားမှာ ကြောက်လာခဲ့တယ်...
လောကတခွင် ခရီးကြမ်းကိုနှင်လို့
ကြုံလာမဲ့အခက်ကို ငါအရှေ့ကတားဆီး
မမြင်နိုင်တဲ့ကံကြမ္မာနဲ့ ငါခရီးဆက်လဲ
ကမ္ဘာတဖက်ကမင်းက ငါ့အချစ်တွေကြောင့်
ကမ္ဘာပျက်ရင်တောင် အနေခက်မှာမဟုတ်
ပျော်နေတဲ့ငှက်လို အတိုက်အခက်မရှိ မင်းပျံနိုင်မှာပါ...
ဒီလိုနဲ့နေနေရင်း ကမ္ဘာခြေရင်းမှာ
မင်းလူရင်းနဲ့တွေလို့ ထားခဲ့မယ်ဆိုလည်း
ငါ့ရင်ကိုခွဲသွားပါ....
မဆုံနိုင်တဲ့နေ့များကို ကြက်ခြေခက်လို့
ပြက္ခဒိန်စာရွက်တွေ အထပ်ထပ်ကုန်ပါစေ
ငါ့မျက်ရည်တွေ ကုန်ခန်းသွားလို့
သွေးတွေပဲစီးနေပါစေ ထားခဲ့တဲ့မင်းကို
အဆင်ပြေပါစေလို့ ငါဆုတောင်းရင်း....


P.S. "လောကကြီးထဲ ကောင်းမွန်စွာနဲ့ လမ်းလျှောက်တတ်ရင်ဒီအသည်းနှလုံးကို ခွဲလိုက်စိတ်လိုက်ပိုင်းလိုက်..."


မင်းကိုချစ်တဲ့သူ

6 comments:

  1. ကဗျာ ကို လာခံစားသွားတယ် ညီ

    ကိုရီနို

    ReplyDelete
  2. ကဗျာလေးက ခေါင်းစဉ်ပြောင်းလိုက်တော့ အဓိပ္ပာယ်ပိုပေါ်လာတယ်နော်.... အရမ်းကောင်းပါတယ်.... meow~~

    ReplyDelete
  3. မျက်ရည်ကျပြီး ငိုလိုက်ရတာက
    မျက်ရည်မကျပဲ ငိုရတာလောက်တော့
    ဆိုးမယ် မထင်ဘူးပေါ့။
    ခရီးတစ်ခု လှမ်းတိုင်း
    ကြမ္မာရိုင်းတွေနဲ့ လမ်းမှာ ဆုံချင်ဆုံမယ်
    ပြုံးပြနှုတ်ဆက်
    ပြီးတော့ ဆက်လက် ချီတက်ပေါ့။
    မွေးရာပါ နှလုံးသားက ချစ်တတ်ခဲ့မှတော့
    မင်းရဲ့ ရင်ခွင် တစ်ခု မစိုစွတ်ရုံ
    အမိုးအကာလေး လုံစေချင်တယ်။


    ခင်မင်လျှက်

    ReplyDelete
  4. ကဗျာလေးက လန်းတယ်ဗျ..
    ဆက်ရေးနော်... အားပေးနေတယ်..

    ReplyDelete
  5. သဘောထားကြီးတာပေါ့ ..း)

    ReplyDelete
  6. ရင်ခွင်တခုမှာ ခံစားခဲ့ရတာဟာ
    ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး...
    ဒါပေမယ့် ရင်ခွင်ထဲမှာပဲ တချိန်ချိန်တော့ နစ်မြုပ်သွားမှာပါ...
    ကဗျာလေးကကောင်းပါတယ် ညီ။

    ReplyDelete