Monday, October 12, 2009

အရမ်းချစ်တတ်တဲ့ "သူ့" အတွက်

ပြန်ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
ကိုတို့နှစ်ယောက် တည်ဆောက်ကြ...

ဒဏ်ရာက အထပ်ထပ်
အနာမကျတ်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ သူ့အတွက်
"ချစ်တယ်" ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား...

ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
သေလောက်တဲ့ ကြမ္မာဆိုးရဲ့ကြား
သူ့ကိုချစ်တဲ့ စိတ်တခုနဲ့
ရုန်းထွက်လို့ လာခဲ့မယ်
ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ်...


P.S. "ချစ်သူ... မင်းကိုချစ်တဲ့အချစ်တွေက မင်းနှလုံးသားတစ်ခုနဲ့လောက်ပါ့မလား..."


"မင်းကိုချစ်တဲ့သူ"

6 comments:

  1. တစ်ယောက်နှင့်တစ်ယောက် သစ္စာတွေခိုင်မြဲစွာ ချည်နှောင်လို့  အနာဂတ်ချစ်စံအိမ်ဆီသို့  အမြန် အရောက် လှမ်းနိုင်ပါစေ သူငယ်ချင်းရေ။

    ခင်တဲ့
    တလနွန်

    ReplyDelete
  2. ကဗျာလေး လာဖတ်သွားတယ်... :)

    ReplyDelete
  3. ဘယ်သူ့အတွက်ပါလိမ့် ... :D
    အဆင်ပြေ ပျော်ရွှင်ပါစေ ..း))

    ReplyDelete
  4. “ယုံကြည်မှုကို တည်ဆောက်
    သံသယကို ဖြေဖျောက်လို့
    သေလောက်တဲ့ ကြမ္မာဆိုးရဲ့ကြား
    သူ့ကိုချစ်တဲ့ စိတ်တခုနဲ့
    ရုန်းထွက်လို့ လာခဲ့မယ်”

    အဲဒီစာသားကိုကြိုက်တယ်...ညီ...
    ညီမျှော်လင့်တဲ့ စိတ်ကူးအိမ်လေးကို
    တည်ဆောက်နိုင်ပါစေ...

    ReplyDelete
  5. နှလုံးသားတစ်ခုမလောက်လို့ နင်ကဘယ်နှစ်ခုများလိုချင်လို့လဲ ....
    ဘူလေးလဲဟင်

    ပျော်ရွှင်ပါစေး)

    ReplyDelete
  6. နှလုံးအပိုတွေ ထပ်ထည့်လို့ရနေပြီ
    များများချစ်ဖို့ရာ ရည်ရွယ်ချက် နဲ့ ဆရာဝန်တွေ
    နဲ့တိုင်ပင်ဆွေးနွေးသင့်နေပါပြီ ဟဲဟဲ

    ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

    ReplyDelete