Saturday, October 17, 2009

ခံစားချက်

နေ့တွေညတွေ နှစ်တွေလတွေ
တရွေ့ရွေ့ပြောင်းလဲ ထူးခြားမလာပဲ
တို့အတူလျှောက်တဲ့ ခြေလှမ်းများလည်း
ရန်ကုန်မြို့ထဲ ထင်ကျန်နေဆဲ....

အခြေအနေတစ်ခုအတွက် အချိန်ကိုပေးဆပ်
ဘ၀တစ်ခုလုံးကို သူ့ကိုပေးအပ်
မနက်ဖြန်များစွာ ကျော်ဖြတ်သွားလည်း
သူနဲ့ဆုံဖို့ မျှော်လင့်ထားဆဲ...

ခရေပင်လမ်း ကန်ပေါင်တလျှောက်လည်း
ကိုတို့မရှိတော့ ခြောက်ကပ်နေသလို
သာယာခဲ့တဲ့ အချိန်ကိုလည်း
ကောင်းကင်းကိုကြည့်လို့ တမ်းတမိဆဲ...


ကြယ်ရောင်စုံတဲ့ ငါ့ညတွေလည်း
သူရှိဖို့အတွက် လိုအပ်နေဆဲ
အတူရှိနေတဲ့ စုံတွဲကိုလည်း
တွေ့မိလိုက်တိုင်း စိတ်ဆင်းရဲဆဲ.....



"မင်းကိုချစ်တဲ့သူ"





2 comments:

  1. ထင်ကျန်ရစ်တဲ့ ရန်ကုန်
    အခုတော့ ခြောက်ကပ်နေပြီ
    တမ်းတမိတဲ့ရင်ခွင်
    အချစ်တွေနီးစပ်ချင်နေသည်
    မျှော်လင့်ထားတဲ့ မနက်ဖြန်
    တစ်နေ့တော့မင်းနဲ့ဆုံမည်

    အမြန်ဆုံးဆုံပါစေ ဘဲကြီး

    ReplyDelete
  2. မျှော်လင့်ချက်နဲ့ စိတ်ကူးတွေ. လက်တွေ့တွေ တစ်ထပ်တည်းကျပါစေ ညီရေ

    ခင်မင်လျှက်

    ညီညီ

    ReplyDelete