Tuesday, October 20, 2009

I'm Yours

ဘ၀အနှောက်အယှက်တွေများစွာက
အမဲစက်ထင်အောင် အဖြူကိုအရောင်ဆိုး
ငါရက်တွေများစွာကို ဖျက်ဆီးခဲ့တယ်...

ပျော်ရွင်ခြင်းတွေက အဝေးကိုထွက်ခွာ
နာကြင်ခြင်တွေ ရောက်လာချိန်
အပြစ်မရှိတဲ့ အချစ်တခုရဲ့ကြား
တို့နှစ်ယောက်အငြင်းပွားရင်း
ငါတယောက် ဗီလိန်ဘ၀ရောက်ခဲ့တယ်...

မနာလိုသူတွေရဲ့ နှုတ်ခမ်းဖျားမှာ
လမ်းလျှောက်ရသလို ခြေလှမ်းတိုင်းကို
သတိဆိုတဲ့ဖိနပ် ပညာဆိုတဲ့လက်နက်နဲ့
အချိန်တွေကို ကျော်ဖြတ်နေရတယ်... (သူအနားမှာမရှိချိန်)

ငါသွားနေတဲ့ လမ်းတွေကကြမ်း
ဘ၀အမောဖြေဖို့ ချစ်သူနဲ့လည်းလှမ်း
ခံစာချက်တွေက မျိုမသိပ်နိုင်အောင်
တခါတခါ အသက်ရှူမှားတယ်...

ပြန်လာမယ့်နေ့ ပြန်ဆုံမယ်ရက်ကို
စောင့်နေတဲ့ ချစ်သူနဲ့ ထပ်တူ
ငါလည်း ဒီမျှော်လင့်ချက်နဲ့
အသက်ရှင်နေဆဲပါ....

P.S. "if i'm not yours, wat is ta meanin of livin... wat is ta meanin of hopin... wat is ta meain of dreamin..."


မင်းကိုချစ်တဲ့သူ

7 comments:

  1. မျှော်လင့်ချက်နဲ့အသက်ရှင်မယ့် လူတွေနှလုံးသား....
    our time is short, this is our fate, I'm yours :)

    ReplyDelete
  2. ညီရဲ့မျှော်လင့်ချက်အမြန်ပြည့်ပါစေတော့ကွာ။
    ဆုတောင်းပေးပါတယ်။

    ခင်မင်လျက်
    ညရဲ့ကောင်းကင်

    ReplyDelete
  3. အဆင်ပြေပါစေဗျို့ သွားတဲ့လမ်းကြမ်းလဲ ရှေ့ကိုဆက်သွား နောက်မဆုတ်နဲ့


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  4. အဆင်ပြေပါစေ ..း)) လွမ်းလို့ပဲ မပြီးတော့ဘူး :P

    ReplyDelete
  5. a sin pyay par say kwal~~ :P

    ReplyDelete
  6. မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝနိုင်ပါစေ ကောင်ကြီးရေ....

    ReplyDelete
  7. ချစ်သူနဲ့ ၊မျှော်လင့် လို့ ရတဲ့ မျှော်လင့် ချက်တို့ ရှိနေရင်တော့ ခရောင်းလမ်းဆိုလဲ
    ရှောက်ရဲ ရမှာပဲမဟုတ်လားလို့ ။

    ReplyDelete