Saturday, October 31, 2009

ငါတစ်ယောက်

အိပ်မရတဲ့ညတစ်ည
ထွက်ကျလာတဲ့ အတွေးတစ
အတိတ်ကအချိန်ကို တမ်းတရင်း
ရယ်မောနေတဲ့ လူတွေရဲ့ကြား
ငါတစ်ယောက် မပျော်နိုင်ပါလား...

ဟန်ဆောင်ကာ ပျော်နေလည်း
လူတကာက မေးမြန်းဆဲ
ဘာအခက်အခဲ ရှိနေလဲ
အကဲခက် တတ်တဲ့လူတွေရဲ့ကြား
ငါတစ်ယောက် ဟန်ဆောင်မရပါလား...

ပျော်ရွင်ချိန် သူနဲ့တွေ့ချိန်
စိတ်ညစ်ချိန် သူမရှိ ချိန်
ငါပျော်နေပေါ့ သူအမြင်မှာတော့
ချစ်သူစကားကို သုံးသပ်ကြည့်တော့
အပြုံးတုတွေတောင် အသက်ဝင်နေပြီပေါ့...

ချစ်သူပြောတဲ့ ပုံပြောကောင်းသူ
လိမ်ညာတတ်သူ ဟန်ဆောင်ကောင်းသူ
မချစ်တတ်သူ အလိုက်မသိသူ
ဒါတွေမှန်သမျှ နေရာမရအောင်
စွပ်စွဲခံရလည်း ငါတစ်ယောက်တော့
အပြစ်မမြင်ဆဲပါပဲ....



ဟန်ဆောင်ကောင်းတယ် ဆိုတဲ့
"မင်းကိုချစ်တဲ့သူ"

4 comments:

  1. မေးကြည့်ပါလား
    ဘာနဲ့သက်သေပြရင် ယုံမလဲလို့

    ဟန် ဆောင်လို့ မ ရ တဲ့ သွေးထွက်သံယိုတွေ လုပ်ပြလိုက်

    ချိန်း ပြီး လက်ဖြန်သွေးကြော ဖြတ်ပြလိုက်

    911 တော့ ကြိုခေါ်ထား အုံးနော် :P

    ReplyDelete
  2. ညီရေ...
    တနေ့တော့ နားလည်လာမှာပါကွာ...

    ReplyDelete
  3. အဲလို ပြောသွားတယ်ပေါ့
    ဟုတ်လား .. :D

    ReplyDelete
  4. ဘယ်သူပြောလဲ.. ဟန်ဆောင်ကောင်းတယ်လို့... စကားတတ်တယ်လို့ပဲပြောတာ. ... ဘယ်သူတွေနဲ့ လာမှားနေလဲသိဘူး... ကဗျာဆရာကြီးက ကဗျာတစ်ပုဒ်ကို ကောင်မလေးတစ်ယောက်စီ လားဟင်.... >.<

    ReplyDelete