တစ်ရက် တစ်ရက် ကြက်ခြေခတ်ခဲ့တဲ့ ပြက္ခဒိန်
တစ်ရွက် တစ်ရွက် ကြွေကျခဲ့တဲ့ သစ်ရွက်တွေ
အိပ်ရာဝင်ချိန် စဉ်းစားမိတဲ့ အတွေးတွေနဲ့
အိပ်မက်ထဲမှာတွေ့ဖို့ ဘုရားမှာအကြိမ်ကြိမ်
ဆုတောင်းခဲ့ဖူးတယ်.....
မနေ့က မနှစ်က အချိန်တွေကို သွားလို့မရတဲ့လူ့ဘဝ
မနက်ဖြန် တဘက်ခါဆိုတဲ့ အခေါ်အဝေါ်တွေကြားမှာ
အလွမ်းအဆွေးခံစားချက်တွေများကြောင့်
ရှင်သန်နေတဲ့ဒီနေ့လေးကို မေ့လျော့နေခဲ့တယ်....
တွေးလိုက်တိုင်း ဒဏ်ရာကသွေးထွက်မတတ်
အနာမကျတ်သလို ခံစားနေရတယ်
ကျွန်တော်ဟာထွက်ခွာခဲ့သူတစ်ယောက်အနေနဲ့
ကျန်ရစ်နေခဲ့တဲ့ သူ့ကို နှစ်သိမ့်ခဲ့တာမဟုတ်ခဲ့ဘူး...
ကံကြမ္မာက စေခိုင်းတဲ့ တာဝန်ကိုထမ်းဆောင်ဖို့ရာ
သူ့အနားက ခဏခွာခဲ့တာပါ...
ပြန်လာမယ်ဆိုတဲ့စကားကို သူယုံအောင်ဘယ်လိုပြောရမလဲ...
ဘုရားမှာ သစ္စာဆိုခဲ့တာက ကလေးကစားစရာတွေလား...
သိပ်ချစ်ဖို့ကောင်းတဲ့ သူ့မျက်နှာ
နှာတံစင်းစင်းလေးနဲ့ ရှုမ၀တဲ့
သူ့ပုံရိပ်တွေက ဘယ်အရာကိုကြည့်ကြည့်
သူ့ကိုပဲ မြင်ယောင်နေမိခဲ့တယ်....
ကျွန်တော့်အတွက် သူရှိနေသရွေ့
အသက်ရှင်ရမဲ့ နေရက်တွေက
အသက်ဝင်နေဦးမှာ
အကယ်၍ သူမရှိတော့ရင်..............................
P.S. သက်ရှိတွေအတွက်အသက်ရှင်ဖို့ အောက်ဆီဂျင်ကလိုအပ်သလို
ကျွန်တော့်အတွက်တော့ အောက်ဆီဂျင်ကသူပါပဲ....
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment