အဝေးကိုလွန်နေတဲ့ အဆွေးတွေက
အမြဲကိုကျွံနေတဲ့ အတွေးတွေနဲ့
ပေါင်းဆပ်မိတဲ့အခါ ခံစားချက်တွေဟာ
ကမ္ဘာအပြင်ဘက်ကို ရောက်ရောက်သွားတယ်
အမုန်းစစ်ပွဲတွေအပြီးမှာ အချစ်သစ်ပင်တွေက
အဆိပ်ခပ်ခံရသလို ပျက်သုဉ်းကုန်တယ်
ကောင်းကင်ပေါ်က ကြယ်ပွင့်တွေကလဲ
ပျောက်ဆုံး လရောင်ကလည်း ညိုမှိုင်သွားတယ်
ပတ်ဝန်းကျင်တခွင်လည်း အညိုရောင်သန်းလို့
တယောသံကတောင် မသာယာနိုင်တော့ပါဘူး
ငါ့ဘ၀ကလည်း ကြိုးပျက်နေတဲ့ ဂစ်တာအိုက
ထွက်လာတဲ့ သံစဉ်တွေလို မငိုနိုင်တဲ့ လူတွေပမာ
တွယ်တာရာမဲ့ခဲ့ပါပြီ
ပြိုလာမဲ့မိုးကောင်းကင် ကြိုနေမဲ့သံယောဇဉ်
ပြင်ဆင်ခဲ့ဘ၀သစ်တွင် မာယာမဲ့အချစ်ကိုပင်
လိုချင်တဲ့ ငါ့အတွက် ဖန်ဆင်းရှင်ဘုရားသခင်က
ကောင်မလေးတယောက်ကို ဖန်ဆင်းပေးခဲ့တယ်......
တွယ်ရာမဲ့လက်ကလေး အဖော်မဲ့နေတဲ့ငါက
ကြယ်ရောင်စုံ ကောင်းကင်ပေါ်ပျံနေတဲ့ ငှက်လို
သေနှစ်စေ့ရင် သေပျော်ပါပြီ.............
"မင်းကိုချစ်တဲ့သူ"
nice poem, bro.. I'm sure, one day u will be a professtional poet.. :D go ahead!!!!!!!!
ReplyDelete