Saturday, August 22, 2009

ယုံကြည်မဲ့ အချစ်

ကင်းမဲ့နေတဲ့ ယုံကြည်ချက်နဲ့
အတင်းကပ်တွယ်နေတဲ့ သံသရ
အဓိပ္ပယ်မဲ့နေတဲ့ အချစ်တွေနဲ့
ပြိုလဲသွားခဲ့တဲ့ ကျွန်တော့်မာန
သူဘယ်ရောက်နေလဲ မသိတော့
မျှော်နေမိတာပေါ့..
ကျွန်တော်နုတ်ပစ်ခဲ့တဲ့ သံသရသစ်ပင်တွေကို
သူက သူငယ်ချင်းအားကိုးနဲ့ တယုတယ စိုက်ပျိုးခဲ့တယ်
ကျွန်တော်ပျိုးခဲ့တဲ့ အချစ်သင်ပင်ကိုတော့
ူသူက ပြန်မရှင်သန်နိုင်အောင်
အဆိပ်ရေတိုက် မျိုးသုဉ်းစေတယ်...
ကျွန်တော့်အတွက်တော့ သူကကျွန်တော့်ဘ၀ရဲ့
မာတိကာ လေးပေါ့...
သူအတွက်တော့ ကျွန်တော်ဆိုတာက
အမှာစာပေါ့...
အနေဝေးသွားလို့ အချစ်တွေအေးသွားပြီလား
တကယ်ဆွေးလို့ မျက်ရည်ကျနေတာလား
ဒါမှမဟုတ် ကျွန်တော်နဲ့ ချစ်မိလို့
နောင်တရတာလား....
အချစ်ဆိုတာ ဖြူစင်တယ်
သန့်ရှင်းတယ် အရောင်မရှိဘူး
ဘာလို့ သူအချစ်က
ရောင်စုံသန်းနေတာလဲ
ရှေးအဆိုတွေ မှားနေပြီလား......


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment