
စိတ်ညစ် စိတ်ပျက် စိတ်ဓာတ်ကျတဲ့အချိန်
အဖော်ကောင်းတစ်ယောက်ရရှိခဲ့တယ်
တခါရှိုက်လိုက်ယုံနဲ့ လောကကြီးက
အေးချမ်းသွားတယ်....
ပူနေတဲ့နေ အိုက်နေတဲ့စိတ်က
အေးမြတဲ့လေနဲ့ တည်ငြိမ်တဲ့ရေကန်လို
ပြောင်းလဲသွားတယ်...
ချစ်သူနဲ့ စကားများတိုင်းလဲ
ရန်မဖြစ်ခဲ့ဘူး အမြဲရှောင်ပြီး
အဖော်ကောင်းရဲ့ဖြေသိမ့်မှုကိုယူခဲ့တယ်
ဒါကိုချစ်သူက မချစ်လို့ ရန်မဖြစ်ဘူးတဲ့
ဒီလိုအဖြစ်မျိုးလဲ ရှိခဲ့တယ်...
ရှေးလူကြီး ဆေးစာအုပ်တွေမှဖတ်ခဲ့ဘူးတယ်
တစ်နေ့တစ်ဗူး မှန်မှန်သောက်ရင်
အနှစ်ခြောက်ဆယ်အထိနေနိုင်တယ်တဲ့...
မနည်းတဲ့ အသက်နော်...
တော်တော်နေလို့ရတယ်...
ကျွန်တော်ဆိုနောက်ထပ် ငါ့ဆယ့်ခုနစ်နှစ်နေလို့ရတယ်...
ဘာရွေးမလဲ... စိတ်ချမ်းသာစွာနဲ့
အနှစ်ခြောက်ဆယ်ကို ဖြတ်ကျော်မလား
စိတ်ဆင်းရဲစွာ အသက်ရှင်ကြမလား.....
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment