Tuesday, August 18, 2009

သေခြင်းတရား

ချစ်တဲ့သူနဲ့ကွေကွင်းတဲ့ဒုက္ခ ဖြေသိမ်လို့မရနိုင်
တစ်ဖက်ပဲ့နေတဲ့စွယ်တော်ရွက်လို မျှော်သူမဲ့နေခဲ့တယ်
အချိန်တစ်နာရီခွဲခြားသွားတာက ကမ္ဘာခြားသွားသလိုပဲ
အတွေးတွေကလည်းပြန့် အိပ်မက်ကလည်းခြောက်လန့်
ကြမ္မာဆိုးကြီးကလည်း မကြိုဆိုပဲ တည့်တည့်ရောက်လာတယ်
ချစ်သူရယ် နောက်ဆိုတွေ့နိုင်ပါ့မလား
သေခြင်းတရားကလည်း ရပ်တန့်လို့ရမလား
ဒီကင်ဆာဆိုတဲ့တောင်ကိုဖြတ်နိုင်ပါ့မလား
ငါဘာဆက်လုပ်ရမလဲ ချစ်သူကိုပြန်တွေ့မလား
ဒါမှမဟုတ် ဘယ်သူမှမသိအောင်ထွက်သွားရမလား
အကောင်းနဲ့အဆိုးက ဒွံတွဲနေတယ်ဆို
ဘာလို့ငါ့အတွက် အဆိုးကထပ်ဆင့်ဖြစ်နေတာလဲ
ရုန်းထွက်လို့မရနိုင်တော့ဘူးလား....................

P.S. မဝေးခင်ပျော်ကြပါ... ဝေးမှနောင်တမရပါနဲ့...

"မင်းကိုချစ်တဲ့သူ"

1 comment:

  1. ဘာတွေ ဖြစ်တာလဲဟင် ..
    ကင်ဆာလည်းပါတယ် ..
    အဆိုးတွေ ကင်းဝေးပါစေ

    ReplyDelete