Saturday, August 29, 2009

လေလွင့်သူ


ပေတရာလမ်းမကြီးတစ်လျှောက်
မသေချာတဲ့အရာတွေနဲ့
မရေရာတဲ့အကြင်နာ
မဖြေသာတဲ့ ခံစားချက်တွေနဲ့
မနေသာတဲ့ ရင်ခွင်တစုံ
ပြေစရာမရှိတဲ့ အခြေအနေတွေကြောင့်
ငါတစ်ယောက် အချိန်ကိုစောင့်နေခဲ့တယ်...
လေလွင့်နေတဲ့လူတစ်ယောက်
အထီးကျန်တဲ့ အချိန်တွေနဲ့
အလင်းမမြင်နိုင်တော့သလို
အမှောင်ရံ အခန်းထဲမှာ
စွယ်တော်ရွက်တွေကိုကြည့်ရင်း
အားကျနေမိခဲ့တယ်...
လမ်းပျောက်နေတဲ့လူတစ်ယောက်
သူရှိနေတယ်ဆိုတဲ့အတွေးနဲ့
အချိန်ကိုဖြတ်သန်းနေဆဲ
ပြန်လာမယ်ဆိုတဲ့ ဆန္ဒလေးတစ်ခုနဲ့
ဘ၀တခုလုံး ကုန်သွားပါစေ
အကယ်လို့ တွယ်တာစရာရှိနေရင်လည်း
တချိန်က မြင်ဖူးတဲ့လူတယောက်အနေနဲ့
မင်းရဲ့ ရာဇ၀င်မှာ မှတ်တမ်းတင်ပေးပါ....
အပြစ်ရှိတဲ့ လူတစ်ယောက်
အဖြစ်မရှိလို့ အပြစ်ဖြစ်ခဲ့တာ
ပြန်တွေးကြည့်ရင် မနေ့ကလိုပါပဲ
အသည်းကွဲဒဏ်ရာက
Valentine ကိုရောက်တိုင်း
သတိပေးနေခဲ့တယ်...
Valentine ရောက်ရင် တစ်ခါသေရသလိုပဲ
မချစ်ရင် မနေနိုင်တော့လဲ
အသက်ဆုံးတဲ့အထိ ချစ်နေပါရစေ...

P.S "ဝေးသွားတာ ဆွေးစရာမဟုတ်ပါဘူး... အဓိက က သစ္စာရှိဖို့ပါပဲ"

Valentine ကိုမုန်းတဲ့
"မင်းကိုချစ်တဲ့သူ"

2 comments:

  1. ပီအက်စ်က တယ် ဟုတ် ပါ လား :D
    အဆင်ပြေ ပျော်ရွှင်ပါစေး)

    ReplyDelete
  2. Valentine လိုပါသေးတယ် ညီရယ် ကြိုမုန်းမနေနဲ့
    :)

    အဆင်ပြေပါစေကွယ်


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete