Sunday, August 16, 2009

ဘ၀အိပ်မက်

အလွမ်းတွေက များလိုက်တာကွာ
တကိုယ်လုံးကို နေရာယူနေတယ်
အသက်ရှင်ဖို့ လေတောင်နေစရာမရှိဘူး
အမုန်းဆိုတာကလည်း တဖက်ကနေ
အချစ်ကိုတားဆီး ငါ့ဘ၀ကြီးကို
ချုပ်ကိုင်ထားတယ်.....
အလင်းပျောက်နေတဲ့ ဘဝ
နေ့ ညအလှည့်ကျမရှိတဲ့ ဘဝ
အဆုံးဆိုတာကိုမသိတဲ့ ဘဝ
ကျင်လည်နေရတာ ငြီးငွေ့လွန်းတယ်
မြားနတ်မောင်ကလဲ မျက်နှာလိုက်
ရူပါကလဲ ကြင်နာစရာမရှိအောင်
ချူချာနေလို့လား...
ဒီဘ၀မှာ ရည်းစားများများထားဖို့
မတောင်းတပါဘူး
ကို ချစ်တဲ့ကောင်မလေးရဲ့လက်ကိုတွဲရရင်
လက်တွဲမဖြုတ်ပဲ အပျော်ဆုံးလူသားပမာ
ကန်ပေါင်ရိုးတလျှောက် လမ်းထွက်လျှောက်
ညနေဆည်းဆာအလှကို ခံစားပစ်မယ်...
ဒီဘ၀ ဘယ်တော့ရောက်မလဲ
ငါ့ဘ၀ရဲ့ ပါရမီဖြည့်ဖက်ကိုရှာဖွေဆဲ.........


"မင်းကိုချစ်တဲ့သူ"

1 comment:

  1. ဆန္ဒတွေ ပြည့်ဝပါစေ ဆုတောင်းပေးပါတယ် ..

    ReplyDelete