Monday, August 10, 2009

ငိုတဲ့ကောင်းကင်

ပျော်ရွင်ခြင်း ရင်ခုန်ခြင်း
သာယာခြင်း ကြည်နူးခြင်း
မာယာကင်း သံသရရှင်းတဲ့
ကောင်းကင်ပြာကြီးအောက်
ကျောင်းဆောင်ကြီးရဲ့ တစ်ဖတ်တစ်ချက်
ဘွဲ့နှင်းသဘင်ဆီကို လမ်းပြတဲ့
အဓီပတိလမ်းမကြီးပေါ်မှာ
သူငယ်ချင်း ငါးယောက် အပူပင်ကင်းစွာ
ကျောင်းဆောင်ဆီကို ချီတက်နေကြတယ်...
ကောင်လေး ၃ ယောက်နဲ့ ကောင်မလေး ၂ ယောက်ပေါ့
၎င်းအနက် ကောင်လေး ၁ ယောက်က ဘာသာကွဲ
ကျန်သူလေးယောက်က နှစ်ယောက်ဆီ ဘာသာတူကြသတဲ့
ဒီလိုနေ့ တနေ့တော့ လူငယ်သဘာဝ သူတို့ကြား
အချစ်ဆိုတဲ့အရာကြီးက ခြေစုံပစ်ပြီးဝင်ရောက်လာခဲ့တယ်
ကောင်မလေး ၁ ယောက်ကို ကောင်လေး ၂ ယောက်
ကြိုက်တဲ့ဇာတ်လမ်းလေးကစခဲ့တာပါပဲ
ပဋိပက္ခ အထင်အမြင်လွဲ ဖြူစင်တယ်ဆိုတဲ့ ကောင်းကင်ကြီးကတောင်
ဒါကိုကြည့်ပြီး စိတ်မချမ်းသာစွာ ငိုချခဲ့တယ်
နောက်ဆုံးတော့ အပူပင်ကင်းတဲ့ သူငယ်ချင်းတွေ စိတ်ဝမ်းကွဲသွားခဲ့တယ်
ဒီလိုပါပဲ အချစ်ဆိုတာက အပေးအယူကြမ်းတယ်
အထိအခိုက်မခံဘူး တဖက်က နူးညံ့တဲ့အရသာ...
ကျန်တဖက်က တော့ ခါးသီးတဲ့အရသာ ပေးတတ်စမြဲ...
ဒီလိုစိတ်ဝမ်းကွဲခဲ့ပြီးနောက် သူတို့လည်းကျောင်းတော်ကြီးကိုအပြစ်မြင်
မတော်တစ တွေ့ဖြစ်ရင်တောင် မျက်နှာချင်းမဆိုင်ကြတော့ဘူး...
နောက်ဆုံးတော့ တိတ်ဆိတ်စွာကျောင်းပြီးခဲ့ပြီး ကျောင်းနဲ့လဲဝေးသွားခဲ့တယ်...
ဒါပေမဲ့ ကောင်းကင်ကြီးကတော့ အမှတ်ရအောင်
သူတို့တွေစိတ်ဝမ်းကွဲခဲ့တဲ့နေ့တွေရောက်ရင်
အမြဲငိုပြီး သတိပေးနေခဲ့တယ်....
သြော်ကေင်းကင်ကြီးတောင်ငိုတာအခုဆို ငါးနှစ်လောက်ရှိနေပြီ...
ဘယ်တော့မှအငိုတိတ်မလဲ ကောင်းကင်ကြီးရယ်....

P.S ဘယ်သူတွေလဲလို့မမေးပါ့နဲ့


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment