Friday, August 28, 2009

ကော်ဖီခါးခါးနဲ့ မိုးသည်းညများ


ညိုမည်းကောင်းကင် ၀န်းကျင်တခွင်
ကြယ်ရောင်ပျောက်လို့ လမိုက်ညတွင်
အလွမ်းအဆွေး ထပ်ဆင့်တွေး၍
အတိတ်ကောက်ကြောင်း ပြန်လည်တွေးမြင်
မိုးသည်းညတွင် ကော်ဖီခါးခါး
အလွမ်းတွေပွား မမေ့နိုင်ပါလား....
ဆုံချင်တော့လည်း ခြေရာဖျောက်မြဲ
အဝေးကပဲ ကြည့်နေရဆဲ
ပျော်တဲ့ရက်နည်း ရင်ခုန်သံလည်း
အက်ကြောင်းထက်လို့ ရင်ကွဲမတတ်
မျက်ရည်စက်တွေ မိုးများပမာ
စီးဆင်းကားသွား မမေ့နိုင်ပါလား...
မျက်ဝန်းတစုံ မြင်ရရုံနှင့်
ရင်တွေလှုပ်ရှား အတွေးဆင့်ပွား
ရင်ခွင်ပျောက်တဲ့ ငါ့နှလုံးသား
အသက်ဝင်လို့ ပြန်လည်လှုပ်ရှား
တခဏမှာ မျက်ဝန်းပျောက်ကာ
မဆုံနိုင်တဲ့ ငါ့ဘ၀က
ကော်ဖီခါးခါး မိုးသည်းညများ...


P.S "ဒီမျက်ဝန်းတစုံကို ဘယ်လိုမေ့ဖျောက်ရမလဲ... လူလဲဆောက်တည်ရာမရဖြစ်နေပြီ... တချက်လောက် လှည့်ကြည့်ပါဦးလား"


မဆုံးသောလမ်းက စောင့်နေတဲ့
"မင်းကိုချစ်တဲ့သူ"

1 comment:

  1. မိုးတွေလည်းဆက်တိုက်ရွာပုံနဲ့ လွမ်းနေတယ် ထင်ပး))
    ခုတော့ ရုံးပိတ်ရက်မှာ ပျော်ပျော်နေလိုက်ဦး :D

    ReplyDelete