အလွမ်းတထောင် ရင်မှာပိုက်လို့
မှောင်မိုက်နေတဲ့ ညတွေကြား
ချစ်သူနားမှာ တခဏနားရဖို့
ဘုရားသခင်က ဖန်ဆင်းပေးတယ်...
ကောင်းကင်နဲ့ မြေပြင်ကြား
နေရတဲ့လူအများထဲကငါ
ချစ်သူမျက်နှာလှလှကိုမြင်ရလို့
ဆန္ဒနဲ့ဆုတောင်း ပြည့်ခဲ့ပြီ...
ဒွန်တွဲတတ်တဲ့ ကံတရားတွေ
နေနဲ့ညပြောင်းတဲ့ လောကတရားကြောင့်
ချစ်သူရှိတဲ့ နေ့ကိုစွန့်လို့
သောကအမှောင်ထဲ ၀င်ရတော့မယ်....
မတည်မြဲခြင်းတရားကို အိပ်ထဲထည့်လို့
တည်မြဲခြင်းတွေကို ရှာနေမိတယ်
ဒီကမ္ဘာမှာ ငါတို့အချစ်လောက်ဘယ်အရာမြဲလဲ
ဒါပေမယ့် ငါတို့တွေ ခဏတော့ ဝေးရစမြဲ...
ကောင်းကင်နဲ့ အနီးဆုံးနေရာမှာ
ဒီကဗျာကို ငါသီကုံးတယ်
သိကြားမင်းကြီးကိုလဲ တိုင်တည်ခဲ့တယ်
ချစ်တဲ့သူတိုင်း နီးစပ်ပါရစေလို့...
အေးချမ်းတဲ့ဆောင်းညတွေ
စိုစွတ်တဲ့ မိုးညတွေမှာ
ရင်ခွင်ပျောက်သူ အတွက်တော့
ဘယ်အရာက သာယာပါ့မလဲ...
မတင်မကျဖြစ်နေတဲ့ စိတ်တွေ
ပရမ်းပတာနိုင်တဲ့ ရင်ခွင်တစ်ခုနဲ့
ကြုံလာသမျှ အပြစ်တင်မိတယ်
လမ်းခွဲဖို့ဖြစ်လာတဲ့ ရန်ကုန်လေဆိပ်ကိုစောက်ရမ်းမုန်းတယ်...
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment