တိုက်ဆိုင်မှုတွေ များစွာနဲ့
လျှောက်လှမ်းခဲ့ နေ့တွေမှာ
ပျောက်ရှနေတဲ့ မျှော်လင့်ခြင်းနဲ့
အလွမ်း ထောင့်တစ်ရာကို
ထောင့်ငါးရာအချစ်တွေနဲ့ ပြုပြင်ခဲ့တယ်...
အသုံးမတတ်တဲ့ နှလုံးသားနဲ့
အသုံးမကျတဲ့ ဆယ့်သုံးဘ၀မှာ
တသက်လုံး လူရာမ၀င်တဲ့ငါ့
ကောင်းကင်က ကြယ်ကြွေတာတောင်
ငါ့ထက် ပိုသာယာနေသလိုပဲ...
လူယဉ်ကျေးတွေရဲ့ လက်စွဲဖြစ်တဲ့
အပြုံးလက်နက်ကို ငါထုတ်သုံးတယ်
လူရမ်းကားတွေရဲ့ လက်စွဲဖြစ်တဲ့
တကိုယ်ကောင်းဘ၀ကို ငါကျင့်သုံးတယ်
သူ့မျက်ရည်ကိုတော့ ဘယ်အရာမှမလွန်ဆန်နိုင်ဘူး...
တယူသန်အတွေးလေးနဲ့
ဟိုအဝေးကြီးကိုထွက်ခဲ့တယ်
ပြင်ကျယ်ကျယ်ကို ကျေားခင်းလို့
ကောင်းကင်းကြီးကို မေးကြည့်တယ်
နယူတန် နိယာမ မှားနေလားလို့...
အထီးကျန် မှန်တစ်ချက်နဲ့
ငါ့မနက်တွေကို မိတ်ဆွေဖွဲ့တယ်
အကျဉ်းတန်ခြင်းတွေနဲ့ ငါ့ဘ၀ကတော့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်လိုပဲ
ဥပက္ခာပြုမှုတွေက မပျက်ခဲ့ပါဘူး...
ဒီလိုနဲ့...
သူလိုငါလို ဖြတ်သန်းရင်း
သူလိုငါလို အတွေးတွေနဲ့
သူလိုငါလို ငေးနေရင်း
သူလိုငါလို ပျောက်ကွယ်မဲ့
တည်မြဲမှုမရှိတဲ့ဘ၀မှာ
မြတ်စွာဘုရားရဲ့ တရားကိုအံတုလို့
သူလိုငါလို တပ်မက်ကြရအောင်လား...
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment