ရက်တရက် ကုန်ခန်းလို့
မထူးတဲ့နောက်တရက်ရောက်ဖို့
နေမင်းကြီးက တခါသေရတယ်
သဘာဝတရားဆိုတာတော့ မပြောင်းလဲဘူး...
ခရီးသွားနေတဲ့ လူအချင်းချင်း
မတူညီတဲ့ အတ္တလောဘတွေ
မညီမျှတဲ့ မာနတရားတွေ
ဆင်မြန်းပေးတဲ့လောကကြီးကို ရွံရှာမိတယ်...
ကမ္ဘာတဖက်တချက်မှာ မိုးရွာနေတယ်
တဖက်မှာတော့ ငရဲပမာ ပူလောင်လွန်းတယ်
ပက်ကြားအက်နေတဲ့မြေပြင်မှာတော့ မျက်ရည်စို့လို့
ကောင်းကင်ကြီးရယ် မင်းပဲမျက်နှာများနိုင်လွန်းတယ်...
သံသရာစက်ကွင်းမှာ ညှိစွန်းနေတဲ့
လူတွေကို ကူညီချင်ပါရဲ့ (ကျနော်လဲပါတယ်)
ဘယ်အရာမဆို တစ်ယောက်ထဲအံတုလို့
ဘာအကျိုးထူးနိုင်မလဲ...
မတည်မြဲခြင်းကို ဆုတ်ကိုင်တော့
တပ်မက်ခြင်းတွေ လျော့သွားတယ်
မကျေနပ်ခြင်းတွေကို ဥပက္ခာပြုတော့
သာယာခြင်းတွေ နေရာရသွားတယ်...
မတည်မြဲတဲ့လောကကြီးကို မတပ်မက်ပဲ
လူအချင်းချင်း စာနာကြည့်မှ
ချိုသာတဲ့ချစ်ခြင်းကိုလည်း ခံစားမိပါတယ်
သြော် ကမ္ဘာကြီးက ပျော်စရာကြီးပါလား...
လောကကိုအပြစ်မမြင်တဲ့
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment