Sunday, August 23, 2009

22/08/09

ကျွန်တော်အစကတော့ ရေးဖို့အစီအစဉ်မရှိပါဘူး၊ ဒါပေမယ့် Blog မောင်နှမတွေရဲ့
အရမ်းကို ချစ်ခင်တတ်တဲ့စိတ်တွေက ကျွန်တော့်ကို ဒီစာရေးဖြစ်ဖို့အားတွေပေးခဲ့
ပါတယ်။ မှတ်မှတ်ရရပြောရရင် ဒီနေ့ဆိုတာကျွန်တော် စလုံးရောက်တာ ၁ နှစ်တိတိ
ပြည့်တဲ့နေပါ။ ကျွန်တော့်ဘ၀က စလုံးရောက်ကတည်းက အသက်မရှိတဲ့လူသားတစ်
ယောက်လိုပါပဲ၊ မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်စလုံးရောက်တာ ၁နှစ်
ပြည့်ဖို့ ၁ ပတ်အလိုမှာ မမေလေးနဲ့သိခွင့်ရခဲ့တယ်။ ဒီလိုနဲ့ တဆင့် မမေးလေးဖိတ်ခဲ့တဲ့
မနေ့ကပွဲကို ကျွန်တော်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်စလုံးမှာနေတဲ့ဘ၀က
အသက်စ၀င်လာပါတယ်။ ကျွန်တော် မပြုံးရတာ စလုံးရောက်ကတည်းကပါပဲ။
မနေ့ကပွဲက ကျွန်တော့်ဘ၀အတွက်အရမ်းကို အဓိပ္ပာယ်ရှိတဲ့ပွဲပါ။ ကျွန်တော်ကို့
တိုင်းပြည်ကိုပြန်ရောက်သွားသလိုခံစားရပါတယ်။ ဒါပေမယ့် ပျော်နေရင် ချက်ချင်း
စိတ်ညစ်ခဲ့ရတယ်။ ကျွန်တော်ပြန်တော့ ဓာတ်လှေခါးမှာ ကြားလိုက်ရတဲ့စကားကြောင့်
စိတ်တော်တော်ညစ်သွားတယ်။ စလုံးကဖုန်းပြောနေတာကြားတော့ အသိပြန်ဝင်လာခဲ့တယ်။
သြော် ငါက စလုံးမှာပဲကိုဆိုတာပါပဲ။ ဒီလိုပဲ တပတ်မှာ ၇ ရက် ၅ ရက်လောက်က
စက်ရုပ်ဖြစ်နေတယ်။ မနက်စောစောထ ရုံးသွား ရုံးဆင်းချိန်မှာ ရုံးဆင်း
အိမ်ပြန် ပြီးတော့ အိပ်ရတာပဲ။ ဒါကိုနေစဉ်နဲ့အမျှလုပ်နေရတယ်။
ကာတော့လည်းရှင်သန်နေရတာ အဓိပ္ပာယ်မဲ့နေသလိုပဲ။ ကျွန်တော်ဒီကနေပဲ
ကျေးဇူးတင်လိုက်ပါရစေ။ မနေ့ကပွဲမှာတွေ့ခဲ့တဲ့ Blogger မောင်နှမများ
အားလုံးရဲ့ နွေးထွေးစွာ ဆက်ဆံခြင်း၊ ကျွန်တော့်ကို ငယ်ငယ်ကသူငယ်ချင်း
တယောက်လိုသဘောထားပေးနိုင်ခြင်း၊ကျွန်တော့်ရဲ့ အထီးကျန် ဘ၀ ပျော်ရွင်မှု
ကင်းမဲ့နေတဲ့ဘ၀ ကို ပျော်ရွင်ခြင်း တွေတွေ့အောင် လမ်းပြခေါ်ဆောင်ပေးခဲ့လို့
ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ကို Blogger မောင်နှမတွေနဲ့ ခင်ခွင့်ပေးတဲ့
မမေလေးကိုကျေးဇူးအရမ်းတင်ပါတယ်။ Blogger မောင်နှမများ ကျန်းမာချမ်းသာပြီး
လိုအင်ဆန္ဒ ပြည့်ပါစေ... ရည်းစားမရှိသေးသောသူများ ကိုချစ်တဲ့လူနဲ့
အမြန်ဆုံးအဆင်ပြေပါစေ... ရည်းစားရှိသောသူများကလည်း ဘ၀ဆိုတဲ့ခရီးကြမ်းကို
လက်တွဲပြီး မမောတမ်း ဖြတ်သန်းနိုင်ပါစေ... အိမ်ထောင်ရှိသောသူများကတော့
သာယာတဲ့မိသားစုဘ၀ကို မြန်မြန်ရောက်နိုင်ပါစေ...

P.S အမှတ်တရလေးပါ၊ ကျွန်တော် Blog မှာစာအရှည်ရေးတာ
ကျွန်တော်စလုံးရောက်တာ ၁ နှစ်ပြည့်တဲ့နေ့ပါပဲ။ ကျွန်တော်တို့ဘ၀တူအတွက
အရိုးဆိုထားတဲ့ အာရှလူလည်ဆိုတဲ့သီချင်းကို တင်လိုက်ပါတယ်........


7 comments:

  1. ဖတ်သွားတယ်။သီချင်းလေးကခံစားလို့ကောင်းတယ်ဗျ

    ReplyDelete
  2. အဲဒီအထဲမှာ ခတ်ပေါပေါ ကလေးခေါင်းဆောင် ဘယ်သူလဲ သိလား? ဟီး

    စတာနော် မောင်လေး...... အားလုံးကို ခင်မင်ရင်းနှီးတဲ့ မရောင်

    ReplyDelete
  3.း)
    ခုလို ကြားရတာ ၀မ်းသာပါတယ် ..
    ဒီမှာ ရှိနေတဲ့လူတွေအကုန်လုံး စက်ရုပ်တွေလို ဖြစ်နေတာလေ ..
    ခုတော့လည်း ဘလော့ မောင်နှမ တယောက် ထပ်တိုးတာပေါ့ :D
    အားလုံး ဘယ်သူတွေ ဘယ်လို ပေါကြတယ်ဆိုတာတော့ လိုက် မပြောနဲ့ပေါ့ဟယ် :P

    ReplyDelete
  4. နွေးနေခြည်August 24, 2009

    ဘ၀တူတွေပါ
    ပျော်တယ်ဆိုလို့ အရမ်းဝမ်းသာပါတယ်။ အဲဒီနေက တယောက်တည်း ပျင်းနေမှာစိုးလို့ အားနာနေတာ..
    နောက်လည်းဆုံကြဦးမယ်လေ..း)

    သီချင်းတပုဒ်ပို့ပေးဦးမယ် ...

    ReplyDelete
  5. ပျော်ရွှင်ဖွယ် အဖြစ်လေးကို အမြဲသတိရနေမှာပါ ထာဝရအမှတ်တရပေါ့

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. Yeah.. agree with you all.
    Don't be sad being Robot coz it will be so difficult if you want to create One. :P
    Be happy and Be good for community.
    If you like you can use your time half for you and half for others. :)

    ReplyDelete
  7. ညီလေးရေ..

    welcome ပါကွာ နောက်မှ ဒီလူတွေကို နားညီးတယ်လုပ်နဲ့နော်
    :D

    ReplyDelete