Wednesday, August 12, 2009

ငါ့...ဘဝ

စရွက်အဖြူနဲ့ စာသင်ကြ
ငယ်ငယ်တုန်းကကျောင်းသားဘဝ
အဖြူနဲ့အစိမ်း ၀တ်ကာရယ်
ကျောင်းတက်ချိန်မှာကျောင်းတက်တယ်
ကျောပိုးအိပ်ထဲ စာအုပ်ထည့်
စာဂျပိုးလို အိုက်တင်နဲ့
ကျောင်းမသွားခင် အမေ့ထံတွင်
မုန့်ဖိုးတောင်းကာ ချွဲနေချင်
တခါတရံ ကျောင်းမတက်ရန်
နေမကောင်းအောင်ဟန်ဆောင်ပြန်
သူငယ်ချင်းတွေနဲ့ ဂိမ်းတွေချ
ကျူရှင်အချိန်ဆို လစ်နေကြ
ဒီအချိန်တွေကို သတိရ
ငယ်ငယ်တုန်းက ကျောင်းသားဘ၀...
ကွန်ပြူတာနဲ့ အလုပ်လုပ်ကြ
အခုအချိန်က လူပျိုဘဝ
STYLE PANT ကိုဝတ်ကာရယ်
စောစောထကာ ရုံးတက်တယ်
iPhone ထဲကိုသီချင်းထည့်
BusY MaN လိုအိုက်တင်နဲ့
မနက်စောစော အိပ်ရာထ
ရုံးနောက်ကျမှာ စိုးရိမ်ရ
တခါတရံ ဆရာဝန်ထံ
MC စာရွက် ယူရပြန်
ကောင်မလေးက စိတ်ကောက်ပြ
ရုံးပြန်နောက်ကျ ချော့နေရ
ဒီအချိန်ကို မေ့ချင်လှ
ဖြတ်သန်းနေတဲ့ ငါ့ဘ၀...



"မင်းကိုချစ်တဲ့သူ"

1 comment:

  1. ဟားဟား
    ဖတ်ပြီး သဘောကျသွားတယ်

    ReplyDelete