Sunday, August 2, 2009

ငါ့ကိုချစ်တဲ့သူ

ဝေဟင်မှာရှင်သန်နေတဲ့ ငှက်တစ်ကောင်နဲ့
ရေပြင်မှာရှင်သန်နေတဲ့ ငါးတစ်ကောင်လို
ရန်ကုန်မှာဇိမ်ခံနေတဲ့ သူနဲ့
စင်္ကာပူမှာကျွန်ခံနေတဲ့ ငါ့လိုပဲ
အရမ်းကွာဟနေတယ်....
မတူညီတဲ့ ပတ်ဝန်းကျင်
ကွာခြားလှတဲ့ အတွေးအခေါ်
အသုံးမ၀င်တဲ့ အပေါင်းအသင်းတွေကြားမှာ
ငါတို့ ဗျာများနေရပြီ...
အရမ်းကိုချစ်ခဲ့ဖူးတယ်...
အရမ်းကိုမြတ်နိုးခဲ့ဖူးတယ်...
အရမ်းကိုလိုချင်ခဲ့ဖူးတယ်...
အရမ်းကိုတွယ်တာခဲ့ဖူးတယ်...
မင်းကိုယုံကြည်လို့ နားလည်ခဲ့တယ်
နာလည်မှုမှာ ရည်းစားထားဖို့မပါဘူး....

P.S အနေဝေးတာနဲ့ အချစ်တွေပါအေးသွားတာလား...


"မင်းကိုချစ်တဲ့သူ"

1 comment:

  1. နားလည်မှု့ နဲ့ သစ္စာပါ။ :)

    ReplyDelete