Monday, November 7, 2011

အလွမ်းနဲရေးတဲ့စာ

တရေးရေးထွက်လာတဲ့ အတွေးတွေနဲ့
ဝေးဝေးလေးနီးနေတဲ့ ဒို့တွေအတွက်
ဆုံရမယ့်မနက်တွေဟာ ပြက္ခဒိန်ပေါ်မှာ
ငါ့ရင်တစ်ခုလုံးမှာလည်း ဆောက်တည်ရာမဲ့ခဲ့ပြီ...

တစစဆွဲထုတ်မရတဲ့ အလွမ်းတွေနဲ့
မင်းမရှိတဲ့ငါ့ရဲ့ လမ်းတွေမှာလည်း
ကြယ်မရှိတဲ့ လမင်းလေးလိုပဲ
ကောင်းကင်ကြီးမှာ အကျဉ်းတန်နေခဲ့ပြီ...

ထိန်းချုပ်လို့မရတဲ့ ရင်ခုန်သံတွေနဲ့
ရေမတွက်လို့မရတဲ့ ပျော်ရွင်ခြင်းတွေ
မင်းမရှိတဲ့ မနက်ခင်းတွေဆို
ကန်ရေပြင်လိုပဲ လှိုင်းမဲ့ခဲ့ရပြီ...

သောက်သုံးဖြစ်နေတဲ့ ငါမပိုင်တဲ့လေတွေနဲ့
ကျင်လည်နေရတဲ့ ငါ့ပတ်ဝန်းကျင်မှာလဲ
နေရာယူနေတဲ့ မင်းအငွေ့သက်တွေကြောင့်
စာဖွဲ့လို့မတတ်အောင် ငါလွမ်းတတ်နေခဲ့ပြီ...

အဖော်မဲ့စွာနဲ့ ကဗျာတစ်ပုဒ်ရေး
ခံစားချက်တွေအတွက် စာလုံးမရှိသေး
အထီးကျန်တဲ့ ငါ့ဂစ်တာကလေး
ထွက်လာတဲ့သံစဉ်မှာလဲ အလွမ်းထပ်တေး...

မနက်ဖြန်များစွာ မင်းအနားမှာ
တွေ့ဆုံခွင့်ဆိုတာကို တမ်းတ
ချစ်တယ်ပြောမဲ့ မင်းရဲ့နှုတ်ခမ်းက
ဘယ်တော့မှာ အသက်ဝင်လာမှာလဲ...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment