Monday, November 7, 2011

စက္ကန့်မျှ ရိုက်ချက်ကြောင့် ထိခိုက်ခဲ့တဲ့ ဒဏ်ရာများ

ငါ့ရင်တွေ အရမ်းပူနေတရ်
နေမင်းကြီး... မင်းပူတရ်ဆိုတာ
ရယ်စရာကြီး ဖြစ်နေပြီ...

ငါ့ထက်မင်းအပေါ် ကောင်းတဲ့လူ
ဒီကမ္ဘာမှာ မွေးဖွားပြီလား ???
စကားလုံးတွေက အားတွေအပြည့်နဲ့
ငါ့ရင်ကို ဓားနဲ့ မွန်းနေသလိုပဲ
ဘာလဲ...
ငါသွေးနဲ့ ရေးတဲ့စာကို ဖတ်ချင်လို့လား...

မနေ့ကအချိန်ကို သတိရနေမိတရ်
မင်းလက်ကိုတွဲလို့ လမ်းလျှောက်ရတဲ့အဖြစ်က
အိပ်မက်မဟုတ် ခဲ့ဘူးနော်
ငါညတောင် အိပ်လို့မပျော်ဘူး...
ဘာဖြစ်လို့လဲ မင်းသိလား???
ငါ့အိပ်မက်က အဲ့လောက် မလှနိုင်လို့ပဲ...

TEARS & RAIN တဲ့ ငါနားထောင်နေတယ်
အပြင်နဲ့ အထဲမှာလဲ မိုးတွေရွာလို့
အပြင်မှာတော့ ရေမကြီးသေးဘူး
အထဲမှာ ရေလျှံနေခဲ့ပြီ...

သံတောင်ကြာကြာစားလိုက်ရင် ပါးသေးတာပဲ
နှလုံးသားဆိုရင် ဘယ်လိုလုပ်မလဲ
ပျော်တယ်ဆိုတာ အဘိဓာန်ထဲမှာ
အခုတော့ ပရမ်းပတာ ဖြစ်နေပြီ
မင်းနဲ့ စတွေ့ကတည်းကပါ....

ကောက်မရတဲ့ အစအနတွေကို
ပုံဖော်နေမိတယ်...
ရောက်တက်ရာရာ အတွေးကတဖက်
အဖြေခက်တဲ့ မေးခွန်းကတဖက်နဲ့
မင်းနဲ့ဝေးရမယ့် ရက်ကခြောက်ခြားနေတယ်
နေ့နဲ့ညတွေလည်း တရက်စီပြောင်းလို့
ငါ့ရက်တွေကလည်း မင်းအတွက်
အသက်ရှင်နေသလိုပဲ...

ရှေးလူကြီးတွေ ထားခဲ့တဲ့
"ချစ်တိုင်းလဲ မညား" ဆိုတဲ့စကားက
ငါ့အတွက်လား???
မင်းနှုတ်ခမ်းချိုချိုက စကားခါးခါးတွေကို
ငါ့အိပ်မက်ထိတောင် ကြားယောင်နေတယ်
အခွင့်ရှိမယ်ဆိုရင် မင်းထွက်မသွားနိုင်အောင်
ငါ့နှလုံးသားနားမှာ ထွေးပိုက်ထားလိုက်ချင်တယ်...
ငါရေးနေတာတွေကို မင်းနားလည်နိုင်ပါမလား...




"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment