Monday, November 7, 2011

သူငယ်ချင်းအတွက် သူငယ်ချင်းထံမှ

လူအချင်းချင်း တွေ့ဆုံတဲ့အခိုက်
ကွဲပြားနေတဲ့ အတိတ်ပုံတွေအလိုက်
မတူညီတဲ့ တွေ့ဆုံမှုနဲ့
ကြုံတွေ့ခဲ့တဲ့ အဖော်ရင်းတွေ...

ကွာခြားခြင်းတွေ မနည်းပေမဲ့
သိခွင့်ရတဲ့ ရက်တွေများလာခဲ့
အတိုင်းမသိတဲ့ ခင်မင်ခြင်းတွေနဲ့
ငါ့သူငယ်ချင်းစာရင်းထဲ သူတို့ကိုထည့်ခဲ့...

ကံကြမ္မာတလှည့် သံသရာတလှည့်
ကြံရာမရတဲ့ ငါတစ်ယောက်အတွက်
ခင်မင်တတ်တဲ့ သူတို့မှာလည်း
ပြန်ဆပ်ဖို့အကြွေးတွေ ငါ့မှမနည်း...

အားငယ်တိုင်းလည်း သူတို့တွေဖေးမှ
မေးခဲ့ကြတဲ့ စိတ်မကောင်းခြင်းတွေ
ကောင်းသတင်းတွေလည်း မျှဝေယူကြ
ဒါလေးနဲ့ပဲ ကျေးဇူးဆပ်ရ...

အေးအတူ ပူအမျှ ပျော်ရွင်ခဲ့တဲ့ငါတဲ့ဘဝ
၅၂၈ဆိုတဲ့ မောင်နှမမေတ္တာ သင်္ကေတ
ဘယ်သူမှ အရောင်မဆိုးချင်ပါနဲ့
ငါတို့တွေရေးခဲ့တဲ့ ငါ့တို့သမိုင်းကို
ဘယ်အရာတိုင်းမှ မဖျတ်ဆီးစေနဲ့
ငါချစ်တဲ့ ငါ့ရဲ့သူငယ်ချင်းတွေအတွက်...


"မင်းကိုချစ်တဲ့သူ"




No comments:

Post a Comment