Wednesday, November 30, 2011

အဲ့ဒါငါပေါ့...

အဲ့ဒါငါပေါ့...
ရွေ့လျားနေတဲ့ လကလေးကို
မျက်စောင်းတချက်ထိုးလို့
ကျီစားနေခဲ့တာ
မနက်ဖြန် ရောက်မှာစိုးလို့...

မို်းခေါင်နေတဲ့ ငါ့ရင်ခွင်ထဲ
အလွမ်းနှစ်ဆကို အချစ်တစ်ဆနဲ့ပေါင်းလို့ရတဲ့
မျက်ရည်တွေနဲ့ ငါတို့ရဲ့အချစ်ပင်
မညှိုးအာင် ရေးလောင်းနေတယ်...

အမြင်မှာတော့ ငါကလူပျော်ပါပဲ
အတွင်းဒဏ်ရာဆိုတာ အော်ငိုလို့
ဆေးထည့်လို့ ပျောက်နိုင်တဲ့
ဒဏ်ရာမျိုးမှ မဟုတ်တာ
တခါတလေတော့လည်း ငိုချမိလိုက်တယ်...

မာတိကာနဲ့ အစီအစဉ်တကျ
ချမှတ်ထားတဲ့ လောကကြီးရေ
မင်းပေးတဲ့ ဥပက္ခာကိုစားလို့
ငါနေခဲ့တာ ၃ နှစ်ကြော်ခဲ့ပြီ
ရင့်ကျက်လာခြင်းက မင်းပေးတဲ့ဘွဲ့ပေါ့...

ဆေးခါးတွေသောက်လို့ ခါးတဲ့အရသာ
သကြားလုံးစားလို့ ပျောက်နိုင်သေး
အလွမ်းဆိုတဲ့ ခါးသက်ခြင်းမျိုးကိုတော့
ဘယ်သကြားလုံးမှ မဖြေဖျောက်နိုင်ပဲ
ဟုတ်တာပေါ့...
အလွမ်းဆိုတာက လျှာနဲ့ခံစားတာမှမဟုတ်ပဲ...

အဲ့ဒါငါပါပဲ
တနေ့လုံးစောင့်နေတာတောင်
ငါ့အတွက်ဘာမှထူးမလာခဲ့ဘူး
ဖြစ်နိုင်ရင် ငါ့ကိုငါစက္ကန့်တံတစ်ခုဖန်ဆင်းလို့
အချိန်တွေကို ရပ်တန့်လိုက်ချင်တယ်...
ဘယ်အရာမှ အခုအချိန်လောက်သေချာနိုင်လို့လဲ...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment