Monday, November 7, 2011

သင်ခန်းစာ

ပြင်မရတဲ့ ဘ၀မာတိကာ
တရက်ကျော်ခဲ့ နေ့ရက်တွေထဲမှာ
သင်ခဲ့ရတဲ့ အသိအလိမ္မာ
အသက်တွေကြီးလာ တွေ့မြင်လာ
ဖော်စားခဲ့တဲ့ ဘ၀သင်ခန်းစာ...

ပင်ပန်းနေလဲ အပြုံးမပြတ်
အရှုံးတစ်ဝက်နဲ့ လျှောက်လှမ်း
ကြမ်းတမ်းလှတဲ့ ဘ၀ဆိုတဲ့လမ်း
အပြင်ပန်းမှာတော့ ပျော်ရွင်လန်းဆန်း
ငိုးကြွေးတဲ့စိတ်မှာတော့ အရမ်းကိုနွမ်းနေခဲ့ပြီ...

ပန်းကိုခြွေတဲ့ ဆောင်းဦးလေပြေ
မပြောင်းလဲတဲ့ နေ့ရက်ကိုရေ
ကုန်လွန်ခဲ့လို့ အချိန်တွေသေ
ခြောက်ကပ်ခဲ့တဲ့ ငါ့မနက်တွေ
အဓိပ္ပါယ်မဲ့စွာ နောက်တရက်ကြွေ...

မှောင်မိုက်သွားတဲ့ မိုးတိမ်မှာငို
ခံစားချက်အတွက် မျက်ရည်မှာယို
ငါ့လုပ်ရက်တွေအတွက် သက်သေတွေမလို
ဆက်သွားနေမဲ့ ငါ့နေ့ရက်တွေကို
မကြည့်ရက်လို့ ကောင်းကင်မှာပြို...

နိုးထခဲ့တဲ့ နှိုးဆက်သံကြောင့်
အားငယ်နေတဲ့ ငါ့မျက်ဝန်းတွေ
ကျင်လည်နေခဲ့ စင်္ကာပူမြေ
အပတ်စဉ်တာဝန် ထန်းဆောင်ရင်းလေ
မင်းသိပါစေ လောကကြီးရေ
ခံစားချက်မရှိလို့ ဘ၀ကသေ
လူနဲ့တူတဲ့ စက်ရုပ်ဖြစ်နေ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment