Monday, November 7, 2011

ပြန်မလာတော့တဲ့ရင်ခုန်သံ

မွေးတရက် သေတရက်
ကျင်လည်နေမဲ့ နေ့ရက်တွေမှာ
သံသရမဲ့စွာ တရက်မှမခွာ
နေချင်ခဲ့တာ မင်းအနားမှာ...

ပျော်စရာဆိုတဲ့ ထူးဆန်းတဲ့အရာ
ငါ့ကမ္ဘာထဲကို ယူဆောင်လာ
Facebook ထဲမှာ ပေါ်ပြူလာ
ငါတို့တွေခဲ့တာ ဒီဇင်ဘာ...

ပျော်စရာတွေ ပျောက်ပျက်လာ
မင်းမရှိတော့တဲ့ နေ့ရက်မှာ
မင်းထားခဲ့တဲ့ ဥပက္ခာ
ငါ့တို့ဝေးခဲ့တာ စက်တင်ဘာ...

ပြောင်းလဲတတ်တဲ့ ဒီကမ္ဘာမြေ
မပြောင်းလဲခြင်းနဲ့ ငါ့တို့တွေ
မဝေးကြဖို့ သစ္စာပြုလည်း
ကံကြမ္မာအလိုကြ နေနေရဆဲ...

အတင်းစကား အငြင်းမပွား
တိတ်ဆိတ်ထွက်ခွာ ငါ့အနား
ရေးလက်စ သီချင်းစာသား
မင်းမရှိတော့ အကျည်းတန်သွား...

ဆွံ့အနေတဲ့ မင်းစကားသံ
သူငယ်ချင်းတွေရဲ့ ဝေဖန်သံ
အချစ်မြို့မှ နယ်နှင်ဒဏ်
ပြန်မလာတော့တဲ့ ရန်ခုန်သံ
စောင်းစားမိဆဲ ငါ့မနက်ဖြန်...




"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment