Monday, November 7, 2011

ဆုံနိုင်ခွင့်

ယိုယွင်းနေတဲ့ ရင်ခွင်တစ်ခု
ပျက်စီးခြင်းကို အကြောင်းပြု
အဆွေးဓာတ်ခံ ဆောင်းဥတု
ငါ့မနက်ခင်းတွေကို ပျက်ရယ်ပြု...

ဆုံဆည်းခြင်းမဲ့ အချစ်တစ်ခု
မမြင်သာတဲ့ ဒဏ်ရာတစ်စု
ပြန်မလာတဲ့ အကြင်နာတု
ငါစောင့်စားခဲ့ ကြင်နာမှု...

ပျောက်ဆုံးခြင်းက နိဂုံးတစ်ခု
လျှောက်လှန်းချင်ခဲ့ ခြေတစ်စု
အရောက်မလှမ်းနိုင်တဲ့ နေရာတစ်ခု
ငါ့ရဲ့ ရင်မှာ အပူတွေစု...

မိုင်ထောင်ကျော်တဲ့ ခရီးတစ်ခု
ကျင်လည်နေခဲ့ ၀န်းကျင်တစ်ခု
ကြံရာမရတဲ့ ရင်ခွင်တစ်ခု
အချစ်ကငါ့ကို လျစ်လျူရှု...

အတိတ်ကအချိန်ကို တမ်းတလု
အဆိပ်ခက်ခဲ့ နှလုံးသားတခု
အဖြည့်ခံတဲ့ ငါ့အတွက်အခု
ငါဆွတ်ခူးခဲ့ အမုန်းနဲ့ဆု...

အချစ်ချင်းထပ်လို့ သစ္စာပြု
ရမ္မက်မပါတဲ့ အချစ်တခု
လောကဓံကို ငါ့မှာမမှု
ငါတောင်းတခဲ့ ဆုံနိုင်မှု...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment