Monday, November 7, 2011

ငါ့ဖက်က အချစ်ရဲ့ထင်မြင်ချက်


အမြင်တွေခြား အဆင်ကွဲပြားတဲ့
မရေရာခြင်းတွေနဲ့ ဆုံဆည်းခဲ့တဲ့
ငါတို့တွေရဲ့ နေ့တွေများမှာ
ဘယ်အရာက တွယ်တာစေခဲ့လဲ...

အမှတ်တရတွေကို အမှတ်တမဲ့တွေးမိတိုင်း
ငါတို့ရဲ့  အတိတ်ကအချိန်တွေဟာ
အခုအချိန်ထိ ပူနွေးနေဆဲ
ငါ့လောက် ဘယ်သူကတန်ဖိုးထားနိုင်လို့လဲ...

အမှတ်မထင် ပြန်လည်ဆုံတွေ့ခြင်းက
ကံကြမ္မာဆီက လျော်ကြေးပြန်ရသလို
ခက်ထန်တဲ့အကြည့်တွေကတော့
နှုတ်မဆက်ချင်တဲ့ သဘောပဲလား...

တကယ်တော့ အဝေးကနေရပေမယ့်
နှလုံးသားကတော့ အနီးဆုံးမှာပါ
ပိုင်ဆိုင်ချင်တဲ့ အတ္တကိုခ၀ါချခဲ့တာ
ငါ့ထက်ငါ မင်းကိုပိုချစ်ခဲ့လို့ပါပဲ...

မျဉ်းပြိုင်နှစ်ကြောင်းလို့ မဖွဲ့နွဲ့ဘူး
တကယ်လို့ ပြိုင်ခဲ့ရင်တောင်
ငါ့က မင်းဆီကိုယိုင်လိုက်မှာပါ
အချစ်မှာ မာန်မာနတွေမလိုပါဘူး...

ငါကလည်း လူတစ်ယောက်ပါပဲ
မျှော်လင့်ချက်တွေများစွာနဲ့ပေါ့
မှေးမှိန်နေတဲ့ အနာဂါတ်အတွက်
အာမခံချက်ဆိုတာ မထားချင်ဘူး
လူ့ဘ၀ဆိုတာ...
ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရတာမှမဟုတ်တာ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment