Monday, November 7, 2011

GYPZY တယောက်ရဲ့ ဖွင့်ဟချက်

မမက်ခဲ့ပါဘူး ဒီအိပ်မက်တွေကို
ခက်ခက်ခဲခဲ ရုန်းထွက်ဖို့
အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့တယ်
အရှုံးအမြတ်ကို မတွက်ချက်ခဲ့ဘူး...

မလိုချင်ခဲ့ပါဘူး ဒီအမုန်းတွေကို
ငါ့အရှုံးအတွက် (ခင်းဗျားတို့) ပျော်ကြပေါ့
မနက်ဖြန်တွေကို (ငါက) ပြုံးပြီးကြိုနေမယ်
ငါ့ရဲ့ စက္ကန့်သံ မရပ်မခြင်းပေါ့...

မပိုခဲ့ပါဘူး (ခင်းဗျားတို့) စကားတွေ
မှိုတက်နေတဲ့ အတွေးတွေနဲ့
ငါ့ဘ၀ကို မသုံးသပ်ကြပါနဲ့
မနက်တွေကို ညစ်ညမ်းစေလို့...

မခက်ခဲပါဘူး ဒီဘ၀ကြီးက
လူအများမရွေးတဲ့ ရေစုန်ကိုရွေးလို့
ချို့တဲ့နေတဲ့ ကိုယ်ကျင့်တရားနဲ့
အဖြူရောင်ကောင်းကင်ကို ပိုင်ဆိုင်ချင်တဲ့ငါကခက်တာပါ...

မမှားခဲ့ပါဘူး လူတွေက (ခင်းဗျားတို့အပါအ၀င်)
အသွင်မတူတဲ့ လူတွေကြားမှာ
အမှားတရံမကလုပ်လို့ အမှန်တရားကိုရှာတဲ့
(လူတွေနဲ့) အမြင်မတူတဲ့ အပြင်လူအဖြစ်နဲ့ ငါကမှားတာပါ...

ငါ့ရေးတဲ့ဇာတ်ကို ငါကိုယ်တိုင်ကခဲ့တာပါ
Villain မပါ မင်းသမီးမပါခဲ့ပါဘူး
တကိုယ်တော် အတွေးတွေနဲ့
ခပ်ဆွေးဆွေးလေးလွမ်းရင်း ဇာတ်နာနေသူပါ....

တကယ်တော့ ငါဟာ
သံသရာ ပင်လယ်ပြင်ကိုကူးခတ်ရင်း
သံသရ ကျွန်းကိုရောက်ခဲ့သူပါ
သနားစရာမကောင်းတဲ့ Gypzy ရဲ့ရင်ဖွင့်ချက်ကို
ဟာသတစ်ပိုဒ်လို ဖတ်လို့
ဒီနေရာမှာ မေ့ပစ်ပေးကြပါ...


"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment