အတွေးခက်ခက်ထဲမှာလွင့်မျောရင်း
အေးစက်စက်ညတွေကိုသင်္ဂြိုလ်
ငါ့ကိုငါ ပုရွက်ဆိတ်လိုဖန်ဆင်း
အပြစ်ကင်းကင်းနဲ့ ဘ၀ခရီးကိုဆက်ချင်တယ်...
မနက်တိုင်းမှာမြည်တဲ့ နှိုးစက်သံဟာ
ချိန်ကိုက်ဗုံး ပေါက်ကွဲသွားသလို
ငါ့ရဲ့ မျှော်လင့်ခြင်းတွေကို ဖြိုခွဲ
ငါ့ရဲ့မနက်ခင်းလဲ ဖရိုဖရဲဖြစ်ခဲ့ပြီ...
ပတ်ဝန်းကျင်ရဲ့ အလိုတော်အရ
ငါ့ကိုငါဆေးလှလှချယ်ခဲ့တယ်
ဖေးမှမယ့်သူမရှိတဲ့ လမ်းမထက်မှာ
ကျေားခင်းလို့ နေနဲ့လတို့ရဲ့ ချစ်ခြင်းကိုအားကျမိတယ်...
ကျင်လည်နေတဲ့ ကမ္ဘာမြေထဲ
အသက်တခါ ရှူလိုက်တိုင်း
ငါဟာ ရိုင်းရိုင်းလာသလိုပဲ
အချိန်ကာလကလဲ လူသေဆော်နံနေပြီ...
သစ္စာတရား အထားမှားလို့
အမှားများနဲ့ အမှန်တရားကို
တသတ်မှာတခါတော့ဆိုချင်တယ်
သူ့အသည်းကို ခိုးတဲ့တရားခံက
ကျနော်ပါပဲ...
လောကကြီးရဲ့ တရားစီရင်ခန်းမှာ
ကံကြမ္မာရဲ့ လာဘ်စားမှုကြောင့်
နယ်နှင်ဒဏ်ခံရလို့
အချစ်နဲ့ဝေးရာကို ရောက်ခဲ့ရပြီ...
အတွေးကမ္ဘာမှာ အဆွေးကဗျာနဲ့
အနားမရှိတဲ့အချိန် ကြင်ရာမရှာခဲ့ဘူး
တသတ်မှာတယောက်ပဲချစ်တတ်တဲ့
မွေးရာပါအားနည်းချက်လေးကြောင့်ပါ....
"မင်းကိုချစ်တဲ့သူ"
ကဗျာလေးကိုခံစားဖတ်ခဲ့ပါတယ်ရှင် ။
ReplyDeletei like ur poem .
ReplyDelete