Monday, November 7, 2011

မင်းမရှိတော့ တန်ဖိုးမဲ့ခဲ့တဲ့ သုည

မမြင်သာတဲ့အကြင်နာ
ရင်ထဲမှာ ဒဏ်ရာတွေမို့
ဖြေဖျောက်ဖို့  ထွက်ခွာအဝေး
မင်းမရှိတဲ့ရက်တွေဆို တမ်းတလို့ဆွေး...

အနေနီးခဲ့လို့ မသိခဲ့တဲ့အကြင်နာ
ဝေးသွားမှ ဝေဒနာအဖော်နဲ့
ပျော်နေမယ်လို့ ပေးခဲ့တဲ့ကတိစကား
နှလုံးသားက မနက်ဖြန်ထိဖျားနေခြဲ့ပီ...

ထွက်ကျလာတဲ့ မျက်ရည်တွေမှာ
မင်းကိုလွမ်းတဲ့ အဆွေးဓာတ်တွေနဲ့
မင်းမရှိနိုင်တော့တဲ့ အလွမ်းရက်တွေအတွက်
ငါ့ရဲ့အလွမ်းတွေနဲ့ သက်သေထူခဲ့တယ်...

ဆက်နေခဲ့တဲ့ ဒီနေ့ရက်တွေမှာ
မင်းမပါတော့ အလွမ်းတွေပိုလာ
မင်းမရှိတော့တဲ့ ဒီဝန်းကျင်မှာ
အဖြေမရှိတဲ့အမေးတွေအတွက် အားအင်တွေမဲ့ခဲ့ပြီ...

ပြန်ဆုံမယ့် မျှော်လင့်ချက်တွေနဲ့
မနက်ဖြန်တွေကို စီချယ်
ငါ့ကိုငါမပိုင်တဲ့ ဒီရက်တွေအတွက်
ပဲ့ကိုင်ပေးဖို့ မင်းလိုနေခဲ့တယ်...

ပြန်တွေးကြည့်ခဲ့မိတိုင်း
ငါ့အမှားတွေကို မြေလှန်ရှာကြည့်တယ်
ဘာတွေများမှားနေခဲ့လဲ
တကယ်တော့ ငါဟာသုညပါပဲ
မင်းမရှိတော့ရင် တန်ဖိုးမဲ့နေခဲ့ပြီ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment