Monday, November 7, 2011

ဖြစ်တည်ခြင်း

တွယ်ရာမဲ့တဲ့ အတွေးတွေနဲ့
ဆွေးဆွေးလေပဲ ကမ္ဘာတဖက်မှာ
ငါတယောက်ထဲ မနက်တွေနဲ့
အဖော်မဲ့စွာ ကော်ဖီတခွက်သောက်ခဲ့တယ်...

မနက်ဖြန် အထပ်ထပ်တွေနဲ့
ဆက်နေခဲ့ ဒီနေ့တွေဟာလဲ
ပုံတူကူးထားတဲ့ မနေ့ကလိုပဲ
ထူးခြားလာခြင်းဟာ ဆိတ်သုဉ်းနေစမြဲ...

ရုန်းမထွက်ချင်တဲ့ အိပ်မက်တွေမှာ
ပျော်မွေ့ ခြင်းတွေ များစွာနဲ့
မင်းအနားမှာ နေရတဲ့ညအချိန်ဟာ
ငါ့အတွက် တိုတောင်းလွန်းတယ်...

ကိုးကွယ်ရာမဲ့တဲ့ အချစ်တွေနဲ့
ဆောက်တည်ရာမရတဲ့ နှလုံးသားမှာ
ရင်ခုန်သံတွေ ဘာသာပြန်မရအောင်
ဘယ်ဖက်ရင်ဘတ်က ဗြောင်းဆံနေခဲ့ပြီ...

ကမ္ဘာအတွက် နေဖြစ်တည်နေတာလား?
နေအတွက် ကမ္ဘာက ဖြစ်တည်နေတာလား?
အဖြေခက်တဲ့ အတွေးတွေကိုဖယ်လို့
အရိုးဆင်းဆုံး ပြောခဲ့ပါရစေ
ကောင်မလေး...
ငါဖြစ်တည်လာခြင်းဟာ မင်းအတွက်ပါပဲ....



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment