Monday, November 7, 2011

လမသာခဲ့တဲ့ညများ

အညိုရောင်ကောင်းကင်
ပြိုနေတဲ့ တိမ်လွှာပြင်ဟာ
မင်းမရှိတော့တဲ့ မနေ့ကလိုပဲ
မသေမချာ မရေမရာနဲ့
ရင်ခွင်မှာလဲ ဟာတာတာလေးပဲ...

ပြန်လာမယ်ဆိုတဲ့ မနက်ဖြန်ကို
ငါတွက်ရေလို့ စောင့်စားခဲ့လဲ
ပြက္ခဒိန်မှာ မရှိတာမို့
ငါဆက်နေဖို့ မ၀ံ့ရဲလဲ
ငါ့အနားမှာ မင်းအတွက် တနေရာချန်ထားဆဲ...

အတူရှိခဲ့တဲ့ နေ၀င်ချိန်တွေလဲ
မေ့ဖျောက်ဖို့ မထားနိုင်ခဲ့
ကြယ်ကြွေခဲ့တဲ့ အချိန်တွေလဲ
မင်းမရှိတော့လို့ အဓိပ္ပာယ်မဲ့
ငါ့ရဲ့မနက်ဖြန်နဲ့ မင်းပြန်လာပေးပါ...

ကမ္ဘာတစ်ခြမ်းမှာ မင်းနဲ့ငါ
လမှာပေါ်တဲ့ မင်းမျက်နှာ
တနေ့တခြားဝေးသွားတဲ့အခါ
ငါ့နှလုံးသားမှာ ၀မ်းနည်းကာ
အသက်မဲ့ခဲ့တဲ့ နေများစွာ...

မင်းရှိခဲ့တဲ့ အချိန်အခါ
လိုတရခဲ့ ငါ့ရဲ့ကမ္ဘာ
မင်းမရှိတော့တဲ့ နေ့ညမှာ
နေကပျောက်လို့ လမသာ
ေ၀၀ါးကာလျှောက်ခဲ့တဲ့ လမ်းများစွာ...

ဆုံခွင့်မပါ ငါ့တို့ရဲ့ဘ၀မှာ
တစ်ချက်သာခဲ့တဲ့ ကံကြမ္မာကြောင့်
မနေတတ်တဲ့ငါ အနေခက်နေလဲ
သက်သေမထူနိုင်ခဲ့တဲ့ ချစ်ခြင်းအတွက်
ငါအပြစ်ကင်းစွာ ဆက်ချစ်နေဆဲပါ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment