Monday, November 7, 2011

ပိုကောင်းမယ့် မနက်ဖြန်

ရစ်တွယ်နေတယ် နှောင်ကြိုး
မနက်ဖြန်မှာ တဆတိုးလို့
ဆက်ရန် မနက်သစ်တွေမှာ
မင်းအချစ်ထက် တောင်းတစရာ
မရှိခဲ့ဘူး ....

ပစ်ပယ်လို့ ထွက်ခွာအဝေး
ငြိတွယ်ခဲ့တဲ့ ငါ့နှလုံးသားမှာ
သုံးသပ်ကြည့်လိုက်တိုင်း
ဆွံ့အခဲ့တဲ့ အတိတ်တွေမှာ
ငါဘာများမှားခဲ့သလဲ...

ငါမငိုပါဘူး မျက်ရည်တွေကျနေတယ်
ငါမပျော်ပါဘူး နှုတ်ခမ်းတွေပြုံးနေတယ်
ငါမချစ်တော့ဘူး ရင်တွေခုန်နေတယ်
ပုံပြင်ဆန်တဲ့ ၀င်္ကပါအချစ်တွေမှာ
ရစ်ကာရစ်ကာနဲ့ ပစ်ခွာသွားခံရပြီ...

နေနဲ့လနှုတ်ဆက်နေတဲ့အချိန်မှာ
ငါတောင်းဆုတစ်ခု ခြွေပါရစေ
မနက်ဖြန်တွေများစွာမှာ
မင်းမပါပဲ ငါမလျှောက်ချင်ဘူး
မင်းစကားနဲ့ အသက်ရှင်ချင်တယ် ..

ဖြစ်ရပ်တွေ များစွာအတွက်
ငြင်းစရာမရှိခဲ့ပေမယ့်
ပြိုင်ပွဲမဟုတ်တဲ့ ချစ်ခြင်းအတွက်
အတ္တတွေ မာန်မာနတွေ
တလွှာခြင်း ခွာချခဲ့ပါပြီ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment