Monday, November 7, 2011

နောက်ဆုံးကဗျာ

ကုန်စရာမရှိတော့တဲ့ ပျော်စရာတွေနဲ့
ဆုံစရာမရှိတော့တဲ့ ငါ့တို့တွေ
ယုံရခက်တဲ့ မနက်ဖြန်တွေကြောင့်
အချိန်ကုန်မှာကို ကြောက်မိနေတယ်...

ထွက်ကျလာတဲ့ စကားလုံးတွေနဲ့
ယိုကျလာတဲ့ မျက်ရည်စက်တွေ
အဖြေခက်တဲ့ မေးခွန်းတွေအတွက်
သက်သေမဲ့လို့ အနေခက်နေခဲ့တယ်...

ကံကြမ္မာစီရင်တဲ့ ငါ့ရဲ့ဘ၀မှာ
ငါဘာမှ မတောင်းတခဲ့ဘူး
မပြည့်နိုင်တဲ့ ဒီခဏမှာ
အတူနေချင်တာက ငါ့ရဲ့ဆန္ဒ
မင်းပျော်ဖို့က အဓိကအကျဆုံးပါ...

ငါဆောက်ခဲ့တဲ့ စိတ်ကူးယဉ်အတွေးနဲ့
ငါ့ရောက်နေတဲ့ ပတ်ဝန်းကျင်လေးက
ထင်စရာမရှိအောင် တစ်ထပ်ထဲမကျ
ငါမက်ခဲ့တဲ့အိပ်မက်လေးနဲ့ ငါအသက်ဆက်ချင်တယ်...

ပြန်လာပါလို့ မတောင်းဆိုခဲ့ဘူး
ထွက်သွားမှာကိုလည်း မလိုလားဘူး
ငါတို့တွေထားခဲ့တဲ့ စကားတွေကိုပဲ
အတည်ပြုလို့ မင်းပို့ပေးခဲ့တဲ့
Good Morning ဆိုတဲ့စာလေးတွေက
ငါမနက်ခင်းအစပြုဖို့ လွယ်ကူခဲ့တယ်...

မင်းလျှောက်ရတဲ့ လမ်းတွေနဲ့
ရောက်ရှိလာမဲ့ မနက်ခင်းတွေအတွက်
အဆိုးတွေကင်းအောင် ငါ့ကြံဆောင်မယ်
စင်္ကပူမှာတွေတဲ့ ရန်ကုန်သူရယ်
ကံမကုန်သေးရင်တော့ ပြန်ဆုံကြမယ်...




"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment