Monday, November 7, 2011

သံသရာ ကံကြမ္မာရဲ့ အစွန့်ပစ်ခံ သားကောင်

ပျော်စရာတွေ တစ်စုံတစ်ရာနဲ့
ငါတို့တွေဆုံမဲ့ ရက်ပေါင်းတွေကို
ရေတွက်ရင်းနဲ့ မနေတတ်တဲ့
ငါ့အတွက်တော့ ပုံရိပ်ထဲက
မင်းအပြုံးတွေကို ပိုင်စိုးထားခဲ့တယ်...

လေးနှစ်မှတစ်ခါ လာတဲ့ရက်ထပ်နှစ်
တစ်နှစ်မှတစ်ခါ ကြတ်တဲ့နေနဲ့
မြင်ရဖို့ခက်ခဲလှတဲ့ ကြယ်ကြွေချိန်တွေ
ွကမ္ဘာနဲ့မြေကြီး ချစ်သူဖြစ်ကြရင်တောင်
မင်းနဲ့တွေဖို့တော့ သုညပါပဲ...

ကံကြမ္မာရဲ့သားကောင် အဖြစ်
်သံသရာဇာတ်လမ်းတွေကို
သရုပ်ဆောင်နေရတဲ့ ငါ့က
မင်းနဲ့ဆုံတွေ့တဲ့ ဇာတ်လမ်းတွေမှာ
မင်းသားမဟုတ်တဲ့ ဗီလိန်ဖြစ်နေရပါလား...

နှလုံးသားနဲ့ တည်ဆောက်ခဲ့တဲ့
လူသားတွေအတွက် မတူညီမှုတွေကွဲပြား
တောင်ဝင်မင်းသမီးကို ချစ်မိတာအမှားလား
နားမလည်နိုင်တဲ့ လောကကြီးရယ်
ဗီလိန်ဆိုတာကလဲ နှလုံးသားနဲ့ပါပဲ...

မြင်ကထဲကရူး ငါပျော်မြူးနေခိုက်
တွယ်ငြိနေတဲ့ ရင်ခွင်တိုက်မှာ
မင်းဟာငါ့ရဲ့ တော်ဝင်မင်းသမီး
မင်းစေလိုရာစေ မင်းနေလိုရာနေဖို့
မင်းခြေရင်းမှာ ငါ့ခစားဝင်ခဲ့ပါပြီ...

မင်းကို လွမ်းမိတဲ့အချိန်တိုင်း
မိုးရေစက်တွေကို ရေတွက်
ညမှာသာတဲ့ လမှာတောင်
မင်းကိုမြင်ရောင်မိပါပြီ
U r mine မဖြစ်နိုင်ရင်တောင်
I'm always Urs ပါပဲ...

အသက်ရှင်နေတဲ့ဒီဘဝ
ရောက်လေရာအရပ်တွေမှာ
တော်ဝင်မင်းသမီးကို ချစ်မိတဲ့
လူတွေမယုံတဲ့ ဗီလိန်တစ်ယောက်ရဲ့ အဖြစ်မှ
ဝေးရပါလို၏ အရှင်ဘုရား....




"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment