ဆုံခဲ့ကြတဲ့ ဒီဇင်ဘာညတည
ကြယ်တံခွန်တွေ ကလို့
ကောင်းကင်နဲ့ မြေပြင် အကြည်စိုက်နေကြတယ်...
မှောင်မိုက်တယ်ဆိုတဲ့ ညမှာ
လမင်းရဲ့ အလင်းကဖြာလို့
မင်းရဲ့မျက်ဝန်းတွေက အရောင်တွေတောက်ပနေတယ်...
တွေ့စမှာတော့ မရေရာ
အဖြေရှာကြည့်လိုက်တိုင်း
မြင်းကွင်းတိုင်းမှာ မင်းဖြစ်နေတယ်...
ငါစောင့်ခဲ့တဲ့ အချိန်တိုင်းမှာလဲ
ပြောပြောနေတဲ့ မင်းရဲ့သမိုင်းကို
စိတ်တိုင်းကျ နားထောင်ခဲ့တယ်...
ပေးခဲ့တဲ့ နောက်ဆုံးပိုင်းမှာလဲ
ဖြေစရာမရှိတဲ့ အခြေအနေတစ်ခုကို
မလိုချင်ပေမယ့် မငြိုငြင်ပဲ
မင်းပျော်အောင် လက်ခံခဲ့တယ်...
ပျော်စရာဖန်တီးပေးတဲ့ ငါ့မှာလဲ
ရယူခြင်းမရှိတဲ့ အချစ်တွေကို
လိုသလို အသုံးချနိုင်အောင်
မင်းအတွက် အမြဲဆောင်ထားတယ်...
မင်းမရှိတော့တဲ့ ငါ့မပိုင်တဲ့ညတွေမှာ
လတွေကသာလို့ ကမ္ဘာမြေကလဲ
ကောင်းကင်ကြီးနဲ့ အကြည်စိုက်နေဆဲပါ...
အတွေးတွေကလဲ နယ်ချဲ့
ဖွဲ့မလောက်တဲ့ စာတွေနဲ့
မင်းကိုချစ်ခဲ့တဲ့ ငါက
လွမ်းအောင်တော့ မချွဲတတ်ခဲ့ဘူး
ပျော်အောင်လဲ လိမ်မပြောတတ်ခဲ့ဘူး
မင်းမရှိလဲ ကမ္ဘာကလည်ပတ်နေမှာပါပဲ...
ငါကလည်း အသက်ဆက်နေပါပဲ...
သိမ်မွေ့လှတဲ့ အချစ်
မင်းနဲ့တွေ့မှာ အပြစ်ဖြစ်တယ်...
မချစ်တတ်ရင်လည်း ချစ်တယ်လို့မပြောပါနဲ့
အချစ် သိက္ခာကျလွန်းလို့ပါ...
ငါရခဲ့တဲ့နောင်တတွေ အတွက်
မင်းကို မတမ်းတခဲ့ဖူး
အချစ်ကို ပြိုင်ပွဲလိုတွက်တဲ့
မင်းအတွက် ငါ့အမြဲရှုံးခဲ့ပါတယ်...
နှလုံးသားနဲ့ချစ်တဲ့အချစ်နဲ့
ဦးနှောက်နဲ့ချစ်တဲ့ပွဲမှာ
ဘယ်သူအနိုင်ရခဲ့လဲ...
ပစ်မှတ်မှားခဲ့တဲ့ မြှားနတ်မောင်ကို
ကျေးဇူးတင်မိတယ်...
"မင်းကိုချစ်တဲ့သူ"
No comments:
Post a Comment