Monday, November 7, 2011

တစ်စက္ကန့် ထိချက်ရဲ့နာကြင်မှု

ငါ့ရင်မှာ တလတ်လတ်
တွေ့ရတဲ့ အခိုက်အတန့်
ပြုစားနိုင်းတဲ့ မင်းအပြုံးတွေနဲ့
ငါ့နှလုံးသားကို အပိုင်စီးလိုက်တရ်...

အရှုံးကိုမလိုချင်တဲ့ ငါ့အတွက်
မင်းနဲ့တွေ့မှာ ထပ်ခါရှုံး
ငါ့ရင်ကို ဓားနဲ့မွန်းလို့
သွေးတွေစီးကျတာကို မြင်ချင်လို့လား...

တစုံတရာအတွက် တစ်ခုကိုပေးဆပ်
ငါ့ရင်ခွင်ထဲ မင်းအလည်လာခဲ့
ငါ့နှလုံးသားကို မင်းကစားလို့
ကွဲသွားကာမှ နာသလားလို့လာမမေးနဲ့...

ပြင်မရတဲ့ အတိတ်တွေအတွက်
ငါဆက်နေလို့မထူးတော့ဘူး
မေ့ဖျောက်လို့လည်း မဖြစ်နိုင်
ငါ့မနက်တွေကို ငါပြန်ပိုင်ချင်ပြီ...

လွမ်းတိုင်း ငေးမောမိတဲ့လမင်း
ရေတွက်မိတဲ့ ကြယ်တွေ
ငါ့နဲ့ထပ်တူ ကောင်းကင်ကြီးရယ်
မင်းလိုပဲ ပေးဆပ်တာပဲ ကောင်းမယ်ထင်တယ်...

စိတ်ညစ်တိုင်းလာရှာတတ်တဲ့ မင်း
င့ါရင်ခုန်သံတွေကို ကစားလို့
ပျော်ပျော်ကြီး ထွက်ခွာချိန်မှာ
ပျော်ရဲ့လားလို့ မမေးပါနဲ့
ငါကလည်း ခံစားတတ်တဲ့လူတစ်ယောက်ပါပဲ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment