Sunday, November 13, 2011

ခေါင်းစဉ်မရှိသော

ကြွေကျခဲ့ပြီ....
သစ်ရွက်တွေနဲ့ ကြယ်ပွင့်လေးတွေ
အရင်အချိန်ကတော့ တို့နှစ်ယောက်
ကြည်နူးခြင်းတွေနဲ့ ထိုင်ကြည့်ခဲ့တယ်...

ကြွေကျခဲ့ပြန်ပြီ...
သစ်ရွက်တွေ ကြယ်ပွင့်လေးတွေနဲ့
နှလုံးသားတစ်စုံပေါ့
ဒီအချိန်တော့ ငါတယောက်ထဲ
နာကြင်ခြင်းတွေနဲ့ ထိုင်ကြည့်မိတယ်...

သစ်ရွက်တွေ ကြယ်လေးတွေ ကြွေဖို့
ဘယ်သူ ဖန်တီးခဲ့တာလဲ
တို့နှစ်ယောက် ဝေးဖို့အတွက်လဲ
ဘယ်သူတွေ ဖန်တီးခဲ့တာလဲ...

ခါးသက်သက် ကော်ဖီနဲ့
အသက်မပါတဲ့ မနက်ခင်းတွေကို
ဖြတ်သန်းရင်း တွေးနေမိတယ်
ချိုမြိန်ခြင်းရဲ့ ပန်းတိုင်က ခါးသက်ခြင်းလား...

ရေးရေးလေးပေါ်နေတဲ့ အမေးတွေကို
တွေးတွေးရင်းရေး ဖြေးဖြေးခြင်းဝေးခဲ့တာကို
ရိုးရိုးလေးပဲဆွေးနေမိတဲ့ ငါဟာ
မင်းကိုချစ်တဲ့သူ ပါ...

မျှော်လင့်ချက်မရှိတဲ့ မနက်ဖြန်တွေကို
အဟာရပြတ်နေတဲ့ နှလုံးသားနဲ့
ငါ့ကို အဆွေးသမားလို့မမြင်စေချင်ဘူး
လုံးနေတဲ့ကမ္ဘာကြီးကို ပြုံးပြုံးလေးနှုတ်ဆတ်ရင်း
အသုံးမတဲ့တော့တဲ့ နှလုံးသားကို
ဈာပနာထားခဲ့ပါရစေ...


"မင်းကိုချစ်တဲ့သူ"

1 comment:

  1. လာလည်သွားပါတယ် မောင်လေးရေ၊ လှပတဲ့ အချစ်ကဗျာလေး ဖတ်သွားပါတယ်နော် :)

    ReplyDelete